~၂၀~

1.3K 321 20
                                    

ZawGyi

 အချစ်အမှတ်သင်္ကေတ

လု့ဟန်သည် ကုတင်ပေါ်တွင်ရီမောကာ ရှေ့နောက်လူးလိမ့်နေလျက်ရှိနေသည် ။ကုတင်တစ်ခုလုံးကသူ၏ လှုပ်ရှားမှုနှင့်အတူတသိမ့်သိမ့် တုန်ခါလျက် ။

"လောင်းရှန့် ၊မင်းက တော်တော်လူမဆန်တာပဲ"

"မင်းက လူဆန်တယ် ၊ဒီတော့ ဘာလို့သူမကို သွားပြီးသတိမပေးလဲ?" ရှန့်ဟွိုင်ဇီကပြန်မေးသည် ။

"ငါ သူ့ကိုသတိပေးချင်တယ်လေ ဒါပေမယ့် ပထမမေးခွန်းကိုတော့ ငါတကယ်ဘယ်လိုဖြေရမလဲ မသိတာ ။မင်းမေ့သွားပြီလား ငါက သန့်ရှင်းရေးအန်တီကြီးဆီမှာ အမှိုက်တွေမှားပစ်မိလို့ဒဏ်ငွေဆောင်ရတာလေ . . . ပြီးတော့ သူတို့တွေပစ္စည်းဘယ်နှခုရှာပြီးပြီလဲဆိုတာကို ဘယ်သူကမှတ်မိမှာလဲ ပြီးတော့လေ အဆင့်နိမ့်တဲ့မြေပုံက NPCရဲ့နာမည်ကကော?"

ရှန့်ဟွိုင်ဇီ ပြန်မဖြေပါ ။သူသည် အစောင့်ရှေ့တွင်ရပ်နေသည့် ရှောင်ထျန်ကျင်ကို တွေ့လိုက်သည် ။သူမ၏နောက်ကျောပုံသဏ္ဍာန်လေးက အခုတော့ ပထမဆုံးမေးခွန်းကို မြင်တုန်းကထက်တောင်ပိုပြီးတော့ လောကကြီးနဲ့အဆက်သွယ်ပြတ်နေယောင်ယောင် ။

သူသည်အခုလေးတင် ထိုနောက်ကျောပုံသဏ္ဍာန်လေးကို ရယ်စရာရှာတွေ့သွားသည့်နှယ် အဲ့တာကြောင့်ထိုအချိန်က သူသည်မထိန်းနိုင်တော့ပဲ စာကြောင်းအမှားကို ထုတ်ပြောမိသွားခဲ့တာ ဖြစ်သည် ။

[ပါတီ] နှလုံးသား လိုအင်ဆန္ဒ - ဒါငါ့အမှားပါ

မင်း မပြောဘဲနေမလို့လား? အကယ်ငါတို့ မင်းကိုမှအပြစ်မတင်ရရင် ဒါဆိုသူတို့ကငါ့ကိုပဲ အပြစ်တင်တာခံရမှာလား?!!

မင်း ငါ့ကို Lovesicknessရဲ့ရှေ့မှာမျက်နှာပျက်အောင်လုပ်တာ!! ငါမင်းကို သတ်မယ်!!

ကျင်းဟွမ်သည် အံကြိတ်လိုက်ကာ သူ၏ကီးဘုတ်ပေါ်တွင် ခလပ် ခလပ် သံအများကြီးမြည်အောင် ရိုက်လိုက်သည် ။

[ပါတီ] ရှောင်ထျန်ကျင် - ၀ူးဝူးဝူး T.T ကိုကိုက အရမ်းအကျင့်မကောင်းတာပဲ

[ပါတီ] နှလုံးသား လိုအင်ဆန္ဒ - . . .

ဒီအပိုင်းကိုဖြေရှင်းပြီးသွားသည့်နောက်တွင် ကျင်းဟွမ်သည် သက်သာရာရသွားသလို သက်ပြင်းချလိုက်သည် ။သူသည် ဘယ်တော့မှဒီသောက်ဖြစ်စဉ်ကို ဘယ်သောအခါမှနောက်တစ်ကြိမ်ထပ်လုပ်တော့မည် မဟုတ်ပါ ။expလဲအများကြီးမပေးပါဘဲနဲ့လုပ်စရာတွေကတော့ အများကြီး ။အဲ့မှာ သူ့အသည်းလေး ၁၀၀၀၀၀ လောက်ရှိနေရင်တောင် ဘယ်တော့မှပြန်လာပြီး ထပ်လုပ်မှာမဟုတ်ဘူး ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now