ZawGyi
ရှောင်ကျင်ကျင်က အခြား၁ယောက်နဲ့ထွက်ပြေးသွားပြီ!!!
ရှန့်ဟွိုင်ဇီသည် ဤဂိမ်းကိုနှစ်ပေါင်းများစွာကြာအောင် ကစားခဲ့သော်လဲ မီးရှုးမီးပန်းစနစ်ကို ၁ကြိမ်၁ခါမျှမထိခဲ့ဖူးပါ။ မီးရှုးမီးပန်းဖောက်တာကို ခဏထားလိုက်ဦး၊ သူမီးရှုးမီးပန်းရောင်းချသူရဲ့ တည်နေရာတောင်မသိဘူး။
အခုတော့ ကျင်းဟွမ်သည်ကျိုးဖုံး၏ ရည်ရွယ်ချက်ကဘာလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်သွားလောက်ပြီ။
အရင်လိုသာဆိုရင် ရှောင်ထျန်ကျင်က အသင်းကနေချက်ချင်းနုတ်ထွက်ပြီး ထိုနေရာကနေထွက်သွားပြီးလောက်ပြီ ဒါပေမယ့် ထိုအချိန်မှာတုန်းက ကျိုးဖုံးနှင့်နတ်ကညာမြေခွေးပျိုလေးတို့သည် အသင်း၁ခုတည်းမှာပဲ အတူတူမတ်တပ်ရပ်နေဆဲဖြစ်ပြီး ၁လက်မလေးတောင် နေရာကနေမရွေ့ခဲ့ပါ။
သေချာပေါက်သူတို့၂ယောက်သည် အသင်းထဲမှာစကားပြောနေကြလိမ့်မည်။
သူတို့ ဘာတွေများပြောနေကြတာလဲ?
သူနဲ့အတူတူအခုလေးတင် အိပ်ယာအတူတူမျှဝေနေတဲ့သူ၁ယောက်က စိတ်ကိုဒီလောက်ထိမြန်မြန်ကြီး မပြောင်းလဲသင့်ဘူးလို့ ရှန့်ဟွိုင်ဇီတွေးလိုက်သည်။ အဲ့တာထက် ကျိုးဖုံးရဲ့အတိတ်က ချစ်သူသမိုင်းကြောင်းကိုပြန်ကြည့်လျှင်လဲ သူကဂေး ဟုတ်မနေပြန်။
ဒါပေမယ့် အဲ့နတ်ကညာမြေခွေးပျိုလေးက မီးရှုးမီးပန်းဖောက်နေတဲ့ထိပ်မှာ ထွက်သွားချင်သည့်ပုံစံလုံးဝရှိမနေဘဲ မတ်တပ်ရပ်နေဆဲဖြစ်သည်။
သူ့ရဲ့ ဂျူနီယာလေးကို ကျိုးဖုံးရဲ့အတိတ်ကချစ်သူသမိုင်းကြောင်း ပြောပြသင့်လား?
သူထိုအကြံရလျှင်ရချင်း ရှန့်ဟွိုင်ဇီချက်ချင်းပြန်ကန်ထုတ်လိုက်သည်။ အကယ်၍ကျင်းဟွမ်က အကျင့်မကောင်းတဲ့သူတွေကိုပဲ သဘောကျသူအမှန်သာဖြစ်နေခဲ့ရင် ရှန့်ဟွိုင်ဇီက မြားနတ်မောင်တောင် ဖြစ်သွားနိုင်သည်။
သူ့ရဲ့အနောက်မှာတော့ တာဝန်တွေလုပ်တာများပြီး အန်ထွက်လုနီးပါးဖြစ်နေသည့် လု့ဟန်က ကြေကွဲနေသည့်အသံဖြင့် ပြောလာသည်။ "ဒီတာဝန်က စောက်ရမ်းကိုပြဿနာပဲဟေး ၁ဆက်တည်းနဲ့NPC၁၀ယောက်ကို ရှာခိုင်းတယ်။ ပြန်ရောက်လာဖို့ကို ဘယ်လောက်တောင်ကြာလိုက်လဲ..... အာ့ရှ် ဘာပဲဖြစ်ဖြစ် ငါ့ကိုယ်ငါပြန်လန်းဆန်းသွားအောင်လို့ milk teaမှာလိုက်ရမယ်။ ရှန့်ရှန့်၊ မင်းကော သောက်ဦးမလား?"
![](https://img.wattpad.com/cover/241407278-288-k83008.jpg)
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...