ZawGyi
နင်က ငါနဲ့မထိုက်တန်တဲ့လူကောင်းတစ်ယောက်ပါ ၊နင်နဲ့ ထိုက်တန်တဲ့သူနောက်တစ်ယောက် တွေ့ပါစေလို့ပဲမျှော်လင့်တယ်
ကျင်းဟွမ်သည် ပါးစပ်အပြည့်ရေမျိုချလိုက်ရင်းဖြင့် ထိုထူးဆန်းသည့်ခံစားချက်တွေကို အဝေးသို့လွှင့်ပြယ်သွားစေလိုက်သည် ။သူသည် guildရဲ့အ၀င်ဝဆီသို့ပျံသွားလိုက်ပြီးတော့ သူ့ရဲ့guildအသစ်လေးကိုစူးစမ်းကြည့်ရှုရန်အတွက် အထဲသို့ဝင်ဖို့အဆင်သင့်ပြင်လိုက်သည် ။
သူသည် guildအတွင်းသို့ရွေ့ပြောင်းသွားပြီးနောက်တွင် သူ၏နံဘေးထံ အညိုရောင်သစ်သားကုလားထိုင်ပေါ်၌ပျင်းရိ့စွာ လဲလျောင်းနေသည့် မြွေဖြူမိန်းကလေးကို တွေ့လိုက်ရပေသည် ။သူမသည်ညင်သာစွာဖြင့် ကြောင်မြီးယပ်တောင်အား လှုပ်ခတ်လျက်ရှိကာ သူမ၏အဖြူရောင်မြွေအမြီးမှာတော့ ကြမ်းပြင်ပေါ်တွင် အေးအေးလူလူပင် ခွေကျနေသည် ။ထိုအရာသည်က guildရဲ့ဈေးအကြီးဆုံး လှည်းမောင်းနှင်သူဖြစ်ပေသည် ။
Guildရဲ့မြင်ကွင်းသည် အလွန်လှပစွာပုံဖော်ထားပေသည် ။ထိုနေရာတွင် ရေတံခွန် ၊သက်တံ့ရောင် ၊ရှေးကျသည့်ပုံစံများနှင့် အခြားသောကြီးမားသည့် ခန်းဝင်အသုံးအဆောင်ပစ္စည်း ရုပ်ထု ထောက်တိုင်တွေလဲရှိပေသည် ။ထိုသည်က စုံတွဲတွေအတွက် အထူးကောင်းမွန်လှသည့်နယ်မြေ ဖန်တီးထားသည်နှင့်ပင် သိပ်မခြားလှတော့ပေ ။သေချာပေါက်ကို တော်တော်လေးအလေးနက်ထားသည့်မိန်းကလေးပဲ ဒီလိုလှပသည့်ပုံစံကို ဖန်တီးနိုင်ပေလိမ့်မည် ။
သူ့အရင်Serverအဟောင်းမှာရှိတဲ့ Guildကိုကျင်းဟွမ်ပြန်သတိရသွားသည် ။သူ့ guildရဲ့ခေါင်းဆောင်က မသိမ်မွေ့တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူတို့guildရဲ့မြင်ကွင်းသည် ဗလာဖြစ်နေသောနေရာကျယ်ဖြစ်သည် ။
ဆေးစိုက်ခင်းကလွဲလို့ ထိုနေရာတွင်ဘာဆိုဘာမှမရှိ ။
သူကဒီလိုမျိုးလှပသည့် မြင်ကွင်းကိုမြင်ရခဲလှသည်ဖြစ်သောကြောင့် ကျင်းဟွမ်သည်အနည်းငယ်စဉ်းစားချင့်ချိန်လိုက်ပြီးသောအခါ လှည်းမောင်းနှင်သူကို မသုံးတော့ဖို့ဆုံးဖြတ်လိုက်သည် ။ဘေးပတ်ပတ်လည်ကို စူးစမ်းလေ့လာဖို့အတွက်သူသည်ခြေထောက်ဖြင့်သာ လမ်းလျှောက်ကြည့်ဖို့စီစဉ်လိုက်သည် ။ဒါပေမယ့် ခြေ၂လှမ်းလောက်ပဲလှမ်းရသေးသည့်အချိန်၌ သူ၏နံဘေးတွင်အခြားသောသူတစ်ယောက်ပေါ်လာခဲ့ပေသည် ။အမဲရောင် အ၀တ်အစား ၊အနီရောင် ဆံပင် နှင့်လက်ထဲတွင် ပိန်းပိတ်အောင်နက်မှောင်နေသည့် ဓါးရှည်ကိုကြားညှပ်ကိုင်ဆောင်ထားသည့်သူပင် ။
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...