ZawGyi
ထိမ်းမြားလက်ထပ်သည့်နေ့တွင်နှလုံးသား လိုအင်ဆန္ဒကအချစ်သစ်ဆီထွက်ပြေးသွားပြီး သတို့သမီးရှောင်ထျန်ကျင်ကလဲ ခန်းဝင်ပစ္စည်းတွေနဲ့အတူ ထွက်ပြေးသွားတယ်ပါဝင်ပတ်သတ်နေတဲ့ ထိုလူသား၂ဦးဘာမှတုန့်ပြန်နိုင်ခြင်းမရှိသေးခင် ကမ္ဘာလိုင်းကတော့ အရင်ဦးစွာအံ့အားသင့်ဖွယ်ကောင်းလှသည့် ဒီရေတတ်နှုန်းအရှိန်ဖြင့် စာတွေနဲ့လွှမ်းမိုးသွားခဲ့သည် ။မည်သူတစ်စုံတစ်ယောက်ကမှ မျက်နှာပြင်တစ်နေရာကို မရပ်ထားဘဲနဲ့စာတွေကို ဖတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့သည့် အခြေနေပင် ။
[ကမ္ဘာ] ကိုကိုက ကြီးလား - ?
[ကမ္ဘာ] ငါဘယ်တော့ပြန်လာမလဲ မမေးပါနဲ့ - ??
[ကမ္ဘာ] လေကငါ့ထက်ပေါ့ပါးတယ် - ငါတစ်ညလုံးမအိပ်ဘဲ နေနေရာကနေ သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှားတွေ မြင်မိနေတာလား?
[ကမ္ဘာ] ငါကဖုန်မှုန့်ပါ - နှလုံးသား လိုအင်ဆန္ဒနဲ့ ရှောင်ထျန်ကျင်?? အကျင့်မကောင်တဲ့ကောင်နဲ့ အတွေ့ကြုံတွေပြည့်ဝနေတဲ့ လူလိမ်မ?? ပရိယာယ်များတဲ့စကျွမ်းတွေ?? သန်မာသူနဲ့သန်မာသူ?? တားမြစ်ပိတ်ပင်ထားတဲ့မြို့တော်ရဲ့ထိပ်က နောက်ဆုံးတိုက်ပွဲ??
[ကမ္ဘာ] စောစောအိပ်ပါ - နေပါဦး (မကောင်းဆိုးဝါးဘုရင်၏ အမျက်ဒေါသ)ကဘယ်လိုများ မြှပ်ထားတဲ့ဇာတ်လမ်းကြောင်းလဲ
[ကမ္ဘာ] နုညက်သော ကံကြမ္မာ - အဲ့တာက အရေးကြီးနေတာလား? ငါမေးချင်နေတဲ့ဟာက အခု၂ယောက်ရဲ့ဒါကဘယ်လိုမျိုးထူးဆန်းတဲ့ ပေါင်းစပ်မှုကြီးလဲလို့? ငါထမင်းစားဖို့ခဏထွက်သွားတယ် ၊ပြီးတော့ တစ်နာရီအတွင်းမှာပဲ ဒရမ်မာတွေနဲ့ပြည့်နှံနေတဲ့လောကကြီးထဲ ငါထပ်ဝင်မရတော့ဘူး
[ကမ္ဘာ] ဖတ်ထုပ်စားရတာကြိုက်တယ် - ယီး! အဲ့လူလိမ်ကတကယ်ကြီးကို ကံကောင်းတာပဲ ။သူမက တကယ်ကြီးကိုရတနာမြေပုံနဲ့ မြှပ်ထားတဲ့ ဇာတ်ကြောင်းတွေဖော်မိသွားတာ ။အဲ့ကရမယ့်ဆုတွေက ကောင်းကင်ကိုတောင် ပြောင်းပြန်လှန်ရင်လှန်နိုင်သွားနိုင်လောက်မယ့်ပုံပဲ
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...