ZawGyi
ရှန့်ကိုကိုအပေါ်ထားတဲ့ ငါ့ရဲ့အချစ်က!!ဘယ်တော့မှ မပြောင်းလဲဘူး!!
ဒီနံနက်၌ကျင်းဟွမ်တွင် အတန်းရှိသည့်အတွက်ကြောင့် သူ၈နာရီတွင်ထလာရပြီး မနက်စာစားသည့်ဆိုင်တွင် အိပ်ငိုက်နေပေသည်။ငါးမျှားနေသလိုမျိုး သူ၏ခေါင်းမှာ ဆက်တိုက်ကိုငိုက်စိုက်ကျလျက်သား။
မနေ့ညကသူ့ကိုယ်သူ အချိန်အကြာကြီးနှိပ်စက်ကာ အတူလိုက်ပါပြီးဘယ်လိုကစားရမလဲဆိုတာရယ်၊ သူ့ကိုယ်သူဘယ်လိုအသံသွင်းမှတ်တမ်းယူရမလဲဆိုတာရယ်နှင့် ထိုအသံဖိုင်မှတ်တမ်းကိုဘယ်လိုမျိုး ပြန်တင်ရမလဲဆိုတာရယ်ကို....ထိုအားလုံးကိုသေသေချာချာသိဖို့ရာအတွက် သူသည်၂နာရီခန့်အချိန်ယူလိုက်ရပေသည်။
"ဟွမ်ဟွမ်၊ မင်းမနေ့ညက သူခိုးအဖြစ်များပြောင်းသွားတာလား?" ကောင်းဇီရှန်းက သူတို့၃ယောက်စာအတွက်မနက်စာကို ဗန်းဖြင့်သယ်ယူလာခဲ့သည်။ "မနေ့ကမင်းစောစော ပြန်သွားတာမဟုတ်ဘူးလား?"
ကျင်းဟွမ်သည် သူ၏မျက်လုံးကို ပွတ်သပ်လိုက်သည်။ "ကောင်းကောင်းအိပ်မပျော်ဘူး"
"မင်းရဲ့အသံတောင် အက်နေတာပဲ" ကောင်းဇီရှန်းက ထိုင်လိုက်သည်။ "အအေးမိတာလား?"
"မဟုတ်ဘူး"
အဲ့တာက မနေ့ကသူကျေနပ်သည်အထိ အသံသွင်းခြင်းကိုအကြိမ်အနည်းငယ်ခန့်လုပ်ယူရသည့်အတွက်ကြောင့် အခုသူ့အသံတွေ အက်ကွဲနေရခြင်းဖြစ်သည်။
ကောင်းမွန်တဲ့သီချင်းတွေက ဆိုဖို့ခက်ခဲတာအမှန်ပဲ ကျင်းဟွမ် သက်ပြင်းချလိုက်သည်။
သူသည် ပဲနို့ရည်ကို ပါးစပ်အပြည့်ခန့်၂ငုံသောက်လိုက်ရာ ထိုသည်ရဲ့ချိုမြိန်ခြင်းက သူ၏လျှာဖျားထိပ်ဆီသို့စေးကပ်စွာ ပျံ့နှံသွားပြီး သူ့ကိုအနည်းငယ်ခန့် အိပ်ချင်ပြေသွားစေလေသည်။
"ပိ့ဖိ့စ်စ်စ်စ်" နားကြပ်ကိုတပ်ဆင်ထားပြီး စားသောက်ဖို့အလျင်လိုမနေသည့် လုဝမ်ဟောင်သည် သူ၏နံဘေးတွင်ထိုင်နေသည်။သူ၏ အကြည့်များသည်တစ်ချိန်လုံး ဖုန်းမျက်နှာစာပေါ်တွင်သာရှိနေပြီး သူသည် အားရပါးရရီမောနေလွန်းသည့်အတွက်ကြောင့် ပါးစပ်မှာအဆက်မပြတ်ဟနေတော့သည်။
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...