~၂၄~P1

1.1K 301 16
                                    

ZawGyi

ငါကနင့်ကို အမြဲတမ်းချစ်နေမှာပါ အကျင့်မကောင်းတဲ့ကောင်ရေ

လု့ဟန်သည် ပြိုင်ပွဲထံတွင် အာရုံအလုံးစုံနှစ်ထားသည့်အတွက်ကြောင့် သေချာပေါက်ကို သူ့ကိုပြန်ဖို့ခေါ်မရခဲ့ပါ ။သူသည် မိုးစက်မိုးပေါက် တွေကျဆင်းလာသည့်အခါမှသာ ပြန်ဖို့ပြင်တော့သည် ။

သူတို့တွေအဆောင်ကိုပြန်ရောက်ကြသည့်အချိန်၌ ၂ယောက်လုံးသည် ရွှဲရွှဲစိုနေကြလေပြီ ။

လု့ဟန်သည်သူအပြစ်ရှိကြောင်းသိသည့်အတွက် ရေချိုးခန်းအတွက်ကို မလုရဲတော့ဘဲ ရှန့်ဟွိုင်ဇီပြီးသည်အထိ အပြင်၌ ရို့ကျိုးစွာစောင့်နေလျက် ရှိသည် ။

ရေချိုးပြီးသည့်အခါတွင် ရှန့်ဟွိုင်ဇီသည် ကွန်ပျူတာကိုမဖွင့်ခင် သူ၏သဘက်ကိုအသုံးပြုပြီး ဆံပင်တွေကိုခြောက်အောင်သုတ်နေလိုက်သည် ။ည၈နာရီ ။သူတို့သည်ပြိုင်ပွဲကွင်း၌ကစားနိုင်မည့်အချိန်ကို ကျော်လွန်သွားပြီးပြိဖြစ်သည် ။သို့သော်လဲ ဒီတောအတွင်းတွင်သူသည် ပွိုင့်တော်တော်များများကိုရပြီးပြီ ဖြစ်သည့်အတွက်ကြောင့် သူတစ်ကြိမ်လောက်မကစားလဲ ကိစ္စမရှိ ။

သူ၏သူငယ်ချင်းနေရာလေးကို တစ်ချက်ခန့်ကြည့်လိုက်သည် ။ထိုနေရာတွင် ဘာလှုပ်ရှားမှုမှရှိမနေ ။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သူ၏သူငယ်ချင်းစာရင်းကိုဖွင့်လိုက်ပြီး ရှောင်ထျန်ကျင်က အွန်လိုင်းဖြစ်နေသလားဆိုတာကို အတည်ပြုကြည့်လိုက်သည် ။

ငါလိုင်းတတ်လာတာနဲ့ စက္ကန့်ပိုင်းအတွင်းစာပို့တတ်တဲ့သူမဟာ ဘာလို့ဒီနေ့ကျမှ ရုတ်တရက်ကြီးငြိမ်သွားရတာလဲ ?

သူတွေးနေသည့်အချိန်မှာပဲ သူ၏သူငယ်ချင်းနေရာလေးဟာ ရုတ်တရက်ဆိုသလို တဖျတ်တဖျတ်လင်းလာခဲ့သည် ။

[သူငယ်ချင်း]အချစ်ဆိုတာစားဖို့အတွက် - နင် ရှိနေလား ??ဒါက တော်တော်လေးအရေးတကြီးဖြစ်နေပြီ!!

[သူငယ်ချင်း]နှလုံးသား လိုအင်ဆန္ဒ - အွန်း

[သူငယ်ချင်း]အချစ်ဆိုတာစားဖို့အတွက် - ရှင်းရှင်းက ရှောင်ထျန်ကျင်နဲ့အတင်းအကြပ် PKလုပ်ဖို့အတွက် သူမနဲ့အတူ လူတစ်စုကိုကိုခေါ်သွားတယ်

[Myanmar Trans]Guide on How to Fail at Online Dating ]BLحيث تعيش القصص. اكتشف الآن