~၄၇~P1

1.3K 249 15
                                    

ZawGyi

ကိုကို ငါတို့မင်္ဂလာဆောင်ကို ဘယ်နေ့လုပ်သင့်လဲ?

ရှ့န် ဆိုသည့်စကားလုံးက ကျင် ဆိုသည့်စကားလုံးထက်ပိုမို လွယ်ကူသော်လဲ ပုံဆွဲရာမှာအခက်တွေ့တတ်တဲ့ ကျင်းဟွမ်အတွက်တော့ အလွန်ကိုခက်ခဲသည့်အချိန်တွေဖြစ်ခဲ့သည်။ ဒါ့အပြင် ပုံစံကအရမ်းကိုရိုးရှင်းလွန်းနေမှာစိုးသည့်အတွက်ကြောင့် ရှန့်ဆိုသည့် စကားလုံးရဲ့အလယ်စာလုံးကို အသည်းပုံထပ်လုပ်လိုက်သေးသည်။

ဘာပဲပြောပြော ဘယ်လိုကြည့်ကြည့် အရမ်းကိုကြည့်ကောင်းနေတယ်!

လွန်ခဲ့တဲ့မိနစ်ဝက်လောက်ကပဲ မီးရှုးမီးပန်းတွေဖောက်ပေးပြီးတာတောင်မှ အသင်းထဲကနောက်တစ်ယောက်က ဘာမှမတုန့်ပြန်သေးပေ။

ကျင်းဟွမ် သူ့မျက်ခုံးကိုပင့်လိုက်ပြီးတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့မေးလိုက်သည်။ "ကိုကို နင်သဘောမကျဘူးလား?"

ဒါက မင်းအဖေရဲ့ တနေ့ခင်းလုံး သွေး၊ချွေး မျက်ရည်တွေကွ!

မင်း သဘောမကျဘူးလို့ ပြောရဲပြောကြည့်စမ်း! ငါမင်းကို...

ကျင်းဟွမ် သူ့ဘေးဘက်က milk teaကိုယူကာ တငုံသောက်လိုက်သည်။

....ငါ မင်းကိုဘာမှထပ်လုပ်ပေးတတ်တော့မှာ မဟုတ်ဘူး

ငါ နောက်၁နည်းပဲထပ်တွေးရတော့မှာပေါ့။

"လှတယ်" ရှန့်ဟွိုင်ဇီ ပြောလိုက်သည်။ "ဒါအတွက်ကြောင့် နင်နတ်ဘုံကျောင်းမှာ တနေ့ခင်းလုံးအော်တိုထားထားတာလား?"

ကျင်းဟွမ်က ပြန်ဖြေသည်။ "ဟုတ်တယ်... အဲ့နေရာမှာ အော်တိုထားထားတာမှန်း ဘယ်လိုသိတာလဲ?"

ရှန့်ဟွိုင်ဇီက ခဏလောက်ရပ်လိုက်ပြီးမှ ပြောသည်။ "ငါနင့်ကိုတွေ့လိုက်တယ်"

ရှန့်ဟွိုင်ဇီက ရှောင်ထျန်ကျင်ကို စကားပြောနေတာတွေ့သွားသောအခါ လု့ဟန်ကချက်ချင်းပြေးလာပြီး ရှန့်ဟွိုင်ဇီရဲ့နားကြပ်နောက်တဖတ်ကို ဆွဲယူလိုက်ကာတပ်ပြီးတော့ မေးလိုက်သည်။ "ရှောင်ကျင်ကျင်၊ နင်သောက်ရမ်းမိုက်တဲ့ဟာ လုပ်ထားတာပဲ! နင့်မှာသိမ်းထားတဲ့ မီးရှုးမီးပန်းပုံစံတွေ ရှိလား? ငါ့ကို၁ခုလောက်ပို့ပါလား?"

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now