~၄၉~P1

1.2K 207 25
                                    


ZawGyi

မင်းရဲ့အဓိကအလုပ်က အကျင့်မကောင်းတာ၊ဒါပေမယ့် မင်းရဲ့အခြားဖျော်ဖြေရေးကကျ ဆရာဝန်လုပ်တာ မှန်တယ်မလား?!

တော်တော်လေးအံ့သြစရာကောင်းတယ်လို့ ကျင်းဟွမ်တွေးမိသည်။ဒုတိယနှစ်မတိုင်ခင်တုန်းက သူရှန့်ဟွိုင်ဇီကိုလုံးဝမတွေ့ခဲ့ဖူးပါ ဒါပေမယ့် သူတို့တွေလှေကားမှာ ဆုံခဲ့ဖူးပြီးကတည်းက သူတို့တွေတစ်ယောက်နဲ့တစ်ယောက် မကြာခဏဆုံမိနေသလိုပင်။

ခရီးသွားတုန်းကလဲ တစ်ယောက်နဲ့တစ်ယောက်ဆုံမိကြတယ်၊ ဘတ်စ်ကတ်ဘောကစားနေတုန်းလဲ တစ်ယောက်နဲ့တစ်ယောက်ဆုံမိကြပြန်တယ် ပြီးတော့ စာကြည့်တိုက်မှာ သူတို့နောက်ထပ်ဆုံမိကြပြန်ကော။

နောက်ဆုံးအကြိမ်တုန်းက ရှန့်ဟွိုင်ဇီသူ့ကိုဝယ်တိုက်ခဲ့တဲ့ milk tea၃ခွက်အကြောင်းကိုသတိရမိတော့ သူ့ကိုကျေးဇူးတင်ဖို့အတွက် ကျင်းဟွမ်ရှေ့ကောင်တာမှာ ကော်ဖီသွားဝယ်ရမလားလို့ တွေးမိသည်။

သူမေးဖို့အတွက် ဘေးဘက်ကိုလှည့်လိုက်တော့ ရှန့်ဟွိုင်ဇီက မျက်မှောင်ကျုံ့ကာ စာသေချာဖတ်နေတာကို တွေ့လိုက်ရသည်။ ရှန့်ဟွိုင်ဇီက နာမည်ကြီးတဲ့စာအုပ်ရဲ့ အကြောင်းရာကို ဖတ်နေခြင်းလုံးဝမဟုတ်ပါ။

သူက [အဲ့လောက်ကောင်းတဲ့ သူမဟုတ်ဘူး] လို့ထင်ခံရအောင် သူဘာတွေများလုပ်ခဲ့မိလဲ? မှတ်မိဖို့ကြိုးစားနေခဲ့ခြင်းဖြစ်သည်။

သေသေချာချာတွေးမိလိုက်သောအခါ သူပြောနိုင်တဲ့၁ခုတည်းသောအကြောင်းအရာက ရှင်းမောက်မောက်နဲ့ကိစ္စသာဖြစ်သည်။

ထိုကောင်လေးရဲ့မျက်လုံးထဲမှာ အမြဲတမ်းသူ့ကိုအကျင့်မကောင်းတဲ့သူဆိုတဲ့ ဂုဏ်ပုဒ်ကြီးကနေ ကယ်တင်နိုင်ဖို့အတွက် သူဂိမ်းထဲမှာ သေချာရှင်းပြလိုက်သင့်လား?

ဒါပေမယ့် အကယ်၍များသူသာအားလုံးရှင်းပြလိုက်ရင် ဒီကောင်လေးက သူ့ကိုဒီလောက်ထိ စွဲလမ်းနေပါတော့မလား?

မဖြစ်နိုင်ဘူး။

ရှောင်ထျန်ကျင်ရဲ့ အံ့ဖွယ်ကောင်းလှတဲ့မှတ်ချက်ကို ပြန်တွေးမိရင်း ရှန့်ဟွိုင်ဇီသူ့နှုတ်ခမ်းကိုကိုက်လိုက်သည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now