ZawGyi
[နှလုံးသား လိုအင်ဆန္ဒသည် သင်ကိုသူ၏ ပါတီအတွင်းသို့ဝင်ရန် ဖိတ်ခေါ်သည် ။ Yes or No]
ကျင်းဟွမ်သည် ပထမတော့ကြောင်အနေပြီး နောက်တော့မှပဲအလိုအလျောက် yes ကိုနှိပ့်လိုက်သည် ။
.... ဘယ်တုန်းက ဒီလူကရောက်လာခဲ့တာလဲ?
ကြမ်းတမ်းသည့် Player Killထဲရောက်နေသည့်သူသည် မြေပုံကနေရွေ့လျားခွင့်ရမည် မဟုတ်ပါ ၊ဒီတော့ သူတို့သည် အသင်းထဲဝင်နိုင်ပြီးတော့ အသင်းသားတွေကိုလဲ အချိန်မရွေးလက်ခံနိုင်လေသည် ။အသင်းတွေ အသေအကြေတိုက်ခိုက်ကြသည့်အခါတွင် အသင်းသားတွေသည် သူတို့သေသွားသည့်အခါတွင် ပြန်လည်မွေးဖွားသည့်နေရာမှသည် အသင်းထဲပြန်ဝင်ဖို့အတွက်နှင့်ပြန်လည်တိုက်ခိုက်ရန်အတွက်လုပ်ဆောင်ရသည်များ PKတွင်မကြာခဏဆိုသလိုဖြစ်တတ်သည့် အခြေနေဖြစ်သည် ။
အခုတော့ သူသည် နှလုံးသား လိုအင်ဆန္ဒ၏ ပါတီထဲဝင်ပြိးပြိဖြစ်ကာ ရှင်းမောက်မောက်က သူ့အပေါ်တွင်အတင်းအကြပ်လုပ်သည့် PKသည်အခုတော့ နှလုံးသားလိုအင်ဆန္ဒရဲ့ပုခုံးပေါ်တွင်လဲ ၀န်အတူတူထမ်းထားရပြီလို့ ဆိုလိုနိုင်သည် ။
နှလုံးသား လိုအင်ဆန္ဒသည် လူအုပ်ကြားထဲမှ ထွက်လာပြီး ရှောင်ထျန်ကျင်၏ရှေ့တွင်ရပ်လိုက်သည် ။သူ၏ လက်ထဲတွင်ကိုင်ဆောင်ထားသည့်လက်နက်သည် ရုတ်တရက်ဆိုသလို ကြီးမားသည့်စစ်ပွဲသုံးထိပ်ဖျားကကော့နေသည့်ဓါးတန်းရှည် အဖြစ်ပြောင်းလဲသွားရကာ ရှေ့တွင်ပိတ်ဆို့ထားလိုက်သည် ။သတ်ဖြတ်သူတွေထံမှ ပုန်းကွယ်ကာပစ်လွှတ်လိုက်သည့် လက်နက်တွေအားလုံးသည် ဓါးရှည်တွင်ငြိကုန်ကာ ခလန်ဆိုသည့် အသံဖြင့်ပြုတ်ကျကုန်သည် ။
လူအုပ်ကြီးသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တိတ်ဆိတ်သွားကုန်သည် ။
[လက်ရှိ] မိုးစက် - ဘယ်တုန်းက နှလုံးသားလိုအင်ဆန္ဒက ရောက်လာတာလဲ ....ငါတစက်ကလေးမှ သူ့ကိုလုံးဝမမြင်လိုက်တာ!!!
[လက်ရှိ] နုညက်သည့်ကံကြမ္မာ - ကြည့်ရတာ ငါတို့စကားပြောတဲ့ဟာတွေက အရမ်းကိုများလွန်းလို့ထင်တယ် ၊သူတို့တွေက ကြီးမြတ်တဲ့ပစ္စည်းရဲ့ အလင်းတန်းကိုတောင် ကာသွားနိုင်တယ်
![](https://img.wattpad.com/cover/241407278-288-k83008.jpg)
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...