~၃၀~P1

1.2K 301 44
                                    

ZawGyi

လှပတဲ့နှင်းဆီပန်းတိုင်းမှာ ဆူးချွန်တွေဆိုတာ ရှိစမြဲပဲ

ကျင်းဟွမ်သူ၏စားပွဲဆီသို့ ပြန်သွားသောအခါ ကောင်းဇီရှန်းက ချက်ချင်းအဝေးသို့ချောင်းမြောင်းကြည့်ကာ

"ဟွမ်ဟွမ် မင်းရှန့်ဟွိုင်ဇီကို စကားပြောနေတာလား?"

"ဟုတ်တယ်လေ" ကျင်းဟွမ်ကသူ့ထံသို့milk teaကို လက်လှမ်းပေးရင်း "မင်းဟာ"

ကောင်းဇီရှန်းက ပိုက်ဖြင့်အပေါ်ကပလက်စတစ်အပြားပေါ်ကို ထိုးဖောက်စိုက်ချလိုက်သည် ။

"မင်း ဘယ်တုန်းကသူနဲ့အဲ့လောက်ရင်းနှီးသွားရတာလဲ?"

ကျင်းဟွမ်က သူ၏ခေါင်းကိုခါလျှက် "သူနဲ့မရင်းနှီးပါဘူး"

ကောင်းဇီရှန်း အို့... ဆိုပြီး ရေရွတ်လိုက်ကာ "မင်းတို့ တစ်ယောက်နဲ့တစ်ယောက်သိနေတယ်လို့ ငါကထင်နေတာ"

ကျင်းဟွမ်က သမ်းဝေလိုက်သည် ။သူသည် ညနက်သည်အထိဂိမ်းကစားနေခဲ့ပြီး မနက်၈နာရီမှာ အတန်းတတ်ခဲ့သည် ။သို့ဖြစ်သောကြောင့် သူသည်တစ်နေ့လုံး အိပ်ငိုက်နေသည် ။

"ငါတို့များသောအားဖြင့်တစ်ယောက်နဲ့တစ်ယောက်မဆုံမိကြပါဘူး ၊မင်းတို့ ဘယ်လိုလုပ်ပြီးများအသိဖြစ်သွားရတာပါလိမ့်?"

(T/N - တရုတ်ကားတွေရဲ့ထုံးစံအရသာဆိုရင် မိုးကောင်းကင်က ကံကြမ္မာကြောင့်ပေါ့ကွယ် ခ်ခ်)

သူတို့တွေအထက်ကျောင်းသားတွေဖြစ်နေတုန်းကလို နေ့တိုင်းအတန်းပြီးချိန်သီးသန့်ရှိသည့်အချိန်မို့ ဆုံမိဖို့လွယ်ကူတယ်ဆိုရင် ဒါကအဆင်ပြေပေသေးသည် ။ဒါပေမယ့် ကောလိပ်မှာတော့ အချိန်ဇယားနှင့် အတန်းအတွက်တည်နေရာတွေက အကုန်လုံးကွဲပြားကြသည် ။ပြီးတော့ သူတို့အသုံးပြုတဲ့ ဘတ်စကတ်ဘောလုံးကွင်းပြင်သည်လဲ မတူညီကြပါ ။ဒီနေရာမှာ တစ်နှစ်ထက်ကြာအောင် စာသင်ကြားပြီးသည့်နောက်မှာတော့ ရှန့်ဟွိုင်ဇီကိုလှေကားချိုးကွေ့မှာ တွေ့ဆုံခဲ့တာက ပထမဆုံးအကြိမ်ဖြစ်သည် ။

"ဂိမ်းကနေ သိကြတဲ့အသိတွေ" ကောင်းဇီရှန်းက ပုလဲလုံးတွေကို မျိုချလိုက်သည် ။

...Where stories live. Discover now