ZawGyi
ဒီအထိဆိုလျှင် ရှန့်ဟွိုင်ဇီလက်ခံရပေတော့မည် ကျင်းဟွမ်က ရှောင်ထျန်ကျင်ဆိုတာ.....
ကြည့်ပြန်တော့လဲ နာမည်ကအစ မှန်နေသည်...
ရှန့်ဟွိုင်ဇီက အခုလေးတင်မှပြဿနာတစ်ခုကို ဖြေရှင်းပြီးကာစဖြစ်ပေမယ့် နောက်တစ်ခုကချက်ချင်းပဲ ထပ်ပေါ်ပြန်သည်။
ဘာဖြစ်လို့ကျင်းဟွမ်က သူ့ရှေ့မှာမိန်းကလေးတစ်ယောက်လို ဟန်ဆောင်နေရတာလဲ?
သူ့ကိုတောင် လိုက်ပြီးတော့လေ?
သူက နှလုံးသား လိုအင်ဆန္ဒကို ကျင်းဟွမ်သိရဲ့လား? သူတို့အသံကတူနေလို့လား... ဒါမှမဟုတ် ကျင်းဟွမ်ကသူ့အကောင့်ကိုအရင်ကတည်းကသိနေတာမို့ သူ့ကိုရှာဖို့နောက်ထပ်မိန်းကလေးအကောင့်ကို အသည်းသန်ဖွင့်ခဲ့တာလား?
ရှန့်ဟွိုင်ဇီက အမြဲတမ်းဂိမ်းနဲ့အပြင်ဘက်ကို ကွဲကွဲပြားပြားခွဲခြားထားတတ်သူဖြစ်သည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိ သူ့ရဲ့ဂိမ်းIDကို လု့ဟန်ကလွဲလို့ အခြားဘယ်သူမှမသိခဲ့။
သူထလိုက်ပြီးတော့ ဖုန်းကိုလှမ်းယူလိုက်ကာ လု့ဟန်ဆီဖုန်းခေါ်ဖို့အတွက် ရေချိုးခန်းထဲကိုဝင်လိုက်သည်။
သူ၏ဖုန်းက ချက်ချင်းကိုကိုင်သည်။ နောက်တွင် အခြားဆူညံနေသံလဲမကြားရ ဒီတော့ သူအခန်းထဲကိုရောက်နေလောက်ပြီ ဖြစ်မည်။
"ဘာကိစ္စရှိလို့လဲ?" လု့ဟန်ကလဲ တော်တော်လေးမူးနေပြီဖြစ်သည် ဒါကြောင့် သူ့ခေါင်းတွေက ချာချာလည်နေသည်။
ရှန့်ဟွိုင်ဇီက သူ့အသံကိုနှိမ့်လိုက်ပြီး "ငါ့ရဲ့ဂိမ်းIDကို မင်းအခြားသူတွေဆီပြောပြဖူးလား?"
လု့ဟန်က ကြောင်သွားသည်။ "ဟင့်အင်းလေ မင်းပဲ ဂိမ်းနဲ့အပြင်လောက ရောထွေးတာမကြိုက်ဘူးဆို... ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ဘူး" ရှန့်ဟွိုင်ဇီသူ့ခေါင်းထဲမှာပေါ်လာတဲ့ ဒုတိယဖြစ်နိုင်ချေကို ဖြတ်ချပစ်လိုက်သည်။ "အိပ်တော့မယ်"
"အမ် ခဏနေဦး...."
လု့ဟန်စကားပြောလို့ မပြီးသေးခင်မှာပဲ ရှန့်ဟွိုင်ဇီကဖုန်းကိုချလိုက်ပြီးပြီဖြစ်သည်။ သူရေချိုးချမ်းထဲကနေထွက်လိုက်သည်။ ကုတင်ပေါ်တွင်ရှိနေသော ထိုလူသားကတော့ နဂိုပုံစံအတိုင်းရှိနေဆဲပင်။ သူသည်လေမြန်မြန်ရှုသွင်းနေပြီး ဟောက်တောင်မဟောက်နေ။
ESTÁS LEYENDO
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...