~၁၅~

1.4K 311 17
                                    

ZawGyi

ကိုကို စိတ်အဆင်ပြေတဲ့အခါကျရင် ငါ့ကိုအပ်ပေးလို့ရမလား? T.T

ကျင်းဟွမ်မှာ ကိုယ့်ကိုကိုယ်သံသယတောင်ဝင်နေသည့် အဆင့်ဖြစ်နေတဲ့အချိန်မှာ သူ၏သူငယ်ချင်းထံမှ စာဝင်သည့်နေရာလေးသည် မီးထပ်လင်းလာခဲ့ပြန်သည် ။

[သူငယ်ချင်း] အချစ်ဆိုတာစားဖို့အတွက် - လခွမ်း ၊ခဏနေဦး ။ငါနင့်ကို WeChat နံပါတ်အမှားကြီးပေးလိုက်မိတာ

[သူငယ်ချင်း] အချစ်ဆိုတာစားဖို့အတွက် - . . . နင် အဲ့တာကိုရှာကြည့်ပြီးသွားပြီလား?

[သူငယ်ချင်း] ရှောင်ထျန်ကျင် - . . .

[သူငယ်ချင်း] ရှောင်ထျန်ကျင် - ဟင့်အင်း . . .

...ကြည့်ရတာ အခြားရည်ရွယ်ချက်အတွက် သက်သက်ဖွင့်ထားတဲ့ အကောင့်ခြားတစ်ခုဖြစ်ပုံရသည် ။

အချစ်ဆိုတာ စားဖို့အတွက် သည်လျင်လျင်မြန်မြန်ပဲ အခြားWeChatနံပါတ်တစ်ခုကိုထပ်ပို့ပေးလာသည် ။သူတို့၂ယောက်လုံးက ချစ်ဖို့ကောင်းတဲ့အမူအရာတွေ အသုံးပြုပြီးတော့ ပြောစရာမလိုအောင်အတွေးတွေတူနေသည့်အလား အရင်WeChat အကောင့်အကြောင်းကို ရှောင်ဖယ်ခဲ့ကြသည် ။

ကျင်းဟွမ်သည် WeChat အသစ်၏နံပါတ်ကိုရှာကြည့်လိုက်ပြီးတော့ သေချာပေါက်ကို မျက်နှာစာပုံလေးက အ၀ါရောင်ခေါင်းစွပ်အကျိင်္ကိုဝတ်ထားတဲ့ချစ်စရာ Anime ပုံလေးဖြင့် ဖြစ်သည် ။သူမ၏ WeChat နာမည်သည် Chichi ဖြစ်ပြီး သူမရဲ့အခိုက်အတံ့တွေကိုလဲ အခြားတစိမ်းလူဆီ မမြင်ရနိုင်ပါ ။

ဒါကမှ တကယ်သာမန် မူမှန်တာလေး ။

ဘာပဲဖြစ်ဖြစ် သူ့ကိစ္စမဟုတ်ပါဘူးလေ ။

ကျိ့ရှောင်နင်းလို့ခေါ်တဲ့အသင်းထဲက အခြားကုသသူနောက်တစ်ယောက်ကတော့ အခုထိဆက်ပြီးအော်တို ထားထားနေတုန်းပင် ။နှလုံးသား လိုအင်ဆန္ဒက သူမကိုဖြစ်စဉ်ကထွက်လို့ပြီးတာနဲ့ချက်ချင်းကန်ထုတ်လိုက်ပြီး ကမ္ဘာလိုင်းတွင်တွေ့သည့် အခြားကုသသူတစ်ဦးကို ၀င်ဖို့ခေါ်လိုက်သည် ။

ဆေးကုသသူက အော်တိုမလုပ်ထားတဲ့အခါမှာတော့ ကျင်းဟွမ်တို့သည်ကျန်ရှိနေသေးသည့် နောက်ဖြစ်စဉ်တာဝန်၂ခုကိုလုပ်နေစဉ်အချိန်တွင် အေးအေးဆေးဆေးမြေပြင်တွင် လဲနေနိုင်တော့လေသည် ။သူတို့သည်တော်တော်ကိုလုံလုံလောက်လောက်နဲ့ ထိရောက်မှုရှိသောကြောင့် နာရီဝက်အတွင်း၂ခုလုံးကို ရှင်းလင်းပစ်နိုင်ခဲ့လေသည် ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now