ZawGyi
သူမက ကျင်းဟွမ်နဲ့ဘာပတ်သတ်စရာရှိမှာလဲ?
ပါတီအတွင်းမှာရှိနေတဲ့ ကုသသူ၂ဦးသည် တစ်ဦးနှင့်တစ်ဦးအသိတွေဖြစ်ကြသည် ။သူတို့သည်ပျော်ရွှင်မြူးထူးစွာ စကားတွေပြောနေကြလိုက်ကြတာ ဒါပေမယ့် ရှောင်ထျန်ကျင်ပါဝင်လာသည်ကိုလဲမြင်သည့်အခါမှာတော့ သူတို့ရဲ့မိုက်ခ်တွေကိုချက်ချင်းပိတ်ပစ်လိုက်ပြီး စကားပြောနေတာလဲရပ်ပစ်လိုက် ကြသည်။
ဆန့်ကျင်ဘက်မှာတော့ လု့ဟန်ရဲ့စိတ်ဝင်စားမှုက ပိုကြီးလာခဲ့သည် ။
"ဟေးရား ... သူမကို ဘာလို့ခေါ်လိုက်တာလဲ?"
ရှန့်ဟွိုင်ဇီက တိုတိုနှင့်အဓိပ္ပါယ်ပါပါဖြေလိုက်သည် ။
"ဒီတိုင်း မေးကြည့်လိုက်တာ"
လု့ဟန်မှာ စိတ်အားထက်သန်ခြင်းတွေနဲ့ တင်ပျဉ်ခွေထိုင်လိုက်သည် ။
[ပါတီ] ရှည်လျားသည့်လမ်းဆီသို့- ကောင်းသောညနေခင်းပါ (အနမ်းလေးကိုလေထဲမှုတ်လျက်)
[ပါတီ] ရှည်လျားသည့်လမ်းဆီသို့- အရင်က ရေမိစ္ဆာဖြစ်စဉ်တိုက်ပွဲကို လုပ်ဖူးလား?
[ပါတီ] ရှောင်ထျန်ကျင် - ဟင့်အင်း အိ့(ပါးစပ်ပိတ်လိုက်လျက်)
ကျင်းဟွမ်က အမှန်ကိုပြောနေခြင်းဖြစ်သည် ။သူတကယ်ကို တစ်ကြိမ်တခါမျှမလုပ်ခဲ့ဖူးသေးပါ ။သူဂိမ်းကနေထွက်ခဲ့တဲ့၎နှစ်တလျှောက်လုံးမှာ သူရဲကောင်း ကိုးဖော်က ဖြစ်စဉ်တာဝန်အသစ်တော်တော်များများကို ထည့်သွင်းထားခဲ့ပြီး ရေမိစ္ဆာက ထိုသည်များထဲမှ တစ်ခုအပါဝင်ဖြစ်သည် ။
[ပါတီ] ရှောင်ထျန်ကျင် - အဲ့ဖြစ်စဉ်က အရမ်းခက်လား?
[ပါတီ] ရှည်လျားသည့်လမ်းဆီသို့- အဲ့တာက အခက်ဆုံးဖြစ်စဉ်တာဝန်ပဲ ၊ဒါပေမယ့် အရမ်းကြီးတော့မဟုတ်ပါဘူး ။ရှေ့ကမကောင်းဆိုးဝါးကောင်တွေကို နင်သူ့အလိုလျောက်ခလုတ်နဲ့ထားရင်တောင် လေပြေလေးတိုက်သလို အေးအေးဖြတ်သွားလို့ရတယ် ။ဆရာကြီးကပဲ သတ်ဖို့ခက်ခဲတာ ။နင့်က ခုခံတာ အားနည်းရင် တစ်ချက်တည်းနဲ့အသတ်ခံရနိုင်တယ်
![](https://img.wattpad.com/cover/241407278-288-k83008.jpg)
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...