~၃၆~

1.1K 258 12
                                    

ZawGyi

ကိုကို ငါ့ဆီစာပြန်ပါ့မလား?

ဒီအော်လန်သည် ဂိမ်းအတွင်း၌ အချိန်အတန်ကြာသည်အထိ ပေါ်နေပြီးအချိန်ကျော်လွန်သွားသည့်နောက်မှာတော့ စတင်ပြီးဖြေးဖြေးချင်းပျောက်ကွယ် သွားခဲ့သည်။

ရှင်းမောက်မောက်သည် အပြည့်အ၀ကြီးကိုရပ်တန့်သွားခဲ့ကာ ရှောင်ထျန်ကျင်၏အော်လန်ကို သူမ၏အရာတစ်ခုနှင့်အစားထိုးရန်တောင်မေ့လျော့သွားခဲ့ပေသည်။

ရှောင်ထျန်ကျင် ဒီလိုမျိုးလုပ်လိမ့်မယ်လို့ သူမလုံးဝကိုမထင်မှတ်ထားခဲ့တာပါ။သူမ၏မျက်လုံးအစုံသည် မှန်းဆမရအောင်ပြူးကျယ်သွားပြီး သူမတွေငေးနေရာကနေ အချိန်အတန်ကြာသည့်အထိတောင် မရုန်းထွက်နိုင်ခဲ့ဖြစ်သွားသည်။

[သီးသန့်စာ] ရှင်းမောက်မောက် - ???

[သီးသန့်စာ] ရှင်းမောက်မောက် - ငါတို့က အတွင်းသီးသန့်စာပို့နေတာ အသိသာကြီးပဲကို နင်ဘာလို့အော်လန်မှာ ဖော်ကောင်လုပ်တာတုန်း?ပြီးတော့ နင့်စကားလုံးတွေက နည်းနည်းလောက် လက်ဖတ်စိမ်းရည်ဆန်မနေဘူးလား?

[သီးသန့်စာ] ရှောင်ထျန်ကျင် - နင်အော်လန်မှာ ဖော်ကောင်လုပ်ရတာကို သဘောမကျဘူးလား?နင် အော်လန်ကနေအခြားသူတွေနဲ့ဆက်သွယ်ရေးလုပ်ရတာကို ပိုပြီးနှစ်သက်တယ် ထင်နေတာ....

[သီးသန့်စာ] ရှောင်ထျန်ကျင် - အဲ့တာထက် ငါကဘယ်လိုလုပ်ပြီး လက်ဖတ်စိမ်းရည်ဆန်နေရမှာလဲ?(သံသယအကြည့်ဖြင့်) ငါကအခု အမှန်ကိုပဲပြောလိုက်တာ မဟုတ်ဘူးလား..

ရှင်းမောက်မောက်က တုန့်ပြန်ရန်အတွက် စာရီုက်နေစဉ်မှာပဲ....

[အော်လန်] ရှောင်ထျန်ကျင် - ရှင်းမောက်မောက်ရေ စိတ်မပူပါနဲ့၊ငါကဘယ်တုန်းကမှ သီချင်းဆိုပြိုင်ပွဲဆုကိုနင်နဲ့တိုက်ခိုက်ပြီး လိုချင်ခဲ့တာမဟုတ်ဘူး။ငါ ပါဝင်ဆင်နွှဲသူဆု လိုချင်လို့ဒီဟာကိုဝင်ပြိုင်ခဲ့ရုံပါပဲ။နင်နောင်လာမယ့် အနာဂါတ်မှာ ငါ့ကိုဆက်ပြီးတော့ စိတ်ဒုက္ခမပေးနေဖို့မျှော်လင့်တယ်။ကျန်တာတွေကတော့......ကိုကိုက နင်နဲ့ပြန်ပေါင်းထုတ်သွားတာ ဒါမှမဟုတ် အခြားချစ်သူကောင်မလေးရသွားခဲ့တာ မဟုတ်ဘူးဆိုရင် ငါဘယ်တော့မှလက်မလျှော့ဘူး။နင် ငါ့ကိုသတ်ချင်ရင် ဆက်သာလုပ်လိုက် ၊နောက်တစ်ကြိမ်ကျရင်သာ ပိုပြီးသန်မာတဲ့လုပ်ကြံသတ်ဖြတ်သူကို ငှားဖို့သတိရပေးနော်

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now