~၄၈~P1

1K 210 23
                                    


ZawGyi 

ငါလိုက်နေတဲ့သူက အဲ့လောက်ထိကောင်းမနေဘူး

နောက်၁ရက်တွင် ကျင်းဟွမ်သည် နောက်ဆုံးတန်းမှာထိုင်ကာ နားကြပ်ကိုတပ်ပြီး videoကြည့်နေခဲ့သည်။ လု့ဝမ်ဟောင်က သူ့ရဲ့ထိုင်ခုံနောက်ကျောကိုမှီလိုက်ကာ ပျင်းရိ့စွာဖြင့်ခေါင်းလှည့်လာသည်။ "ဟွမ်ဟွမ်၊ဘာလို့ဖုန်းကိုဒီလောက်ထိ နီးနီးကပ်ကပ်ကြီး မနက်အစောကြီးကြည့်နေတာလဲ?"

ကျင်းဟွမ်ရဲ့ဖုန်းမျက်နှာပြင်ကိုမြင်လိုက်တော့ သူထိတ်လန့်သွားခဲ့သည်။ "မင်း...မင်းဘာတွေကြည့်နေတာလဲ?"

(T/N - ဂေးပွန်း ˄.˄)

မျက်နှာပြင်မှာတော့ သူရဲကောင်းကိုးဖော်ရဲ့ PVP videoဖြစ်သည်။ အမဲရောင်ဝတ်စုံနှင့်လူက ဆန့်ကျင်ဘက်ရှိကျားခေါင်းနှင့်လူကို သွေးအဖြာဖြာထွက်အောင် ခုတ်ပိုင်းနေလေသည်။

Videoရဲ့ခေါင်းစဉ်ကတော့ #1 သူရဲကောင်းကိုးဖော် DPS နှလုံးသား လိုအင်ဆန္ဒ vs #1 နတ်ကညာမြေခွေးလှိုဏ်ဂူ Long Floating ။

"PK ကိုကြည့်နေတာ" ကျင်းဟွမ်ခေါင်းကတော့ လှည့်မလာခဲ့ပါ။

သူဘယ်လိုမှ နားမလည်နိုင်ဘူး။

သူတပ်ဆင်ထားတဲ့ပစ္စည်းတွေက ကောင်းမွန်တာတွေမဟုတ်ပေမယ့်လဲ နှလုံးသားလိုအင်ဆန္ဒလဲ သူ့ပစ္စည်းတွေကို သာမန်အဆင့်ဟာတွေအဖြစ် မနေ့ကပြောင်းလဲတပ်ဆင်ခဲ့သည်လေ။ ဒါတောင်မှပဲ နောက်ဆုံးသူရှုံးရုံတင်မကဘူး ၃မိနစ်လောက်ထိတောင် တောင့်ခံမထားနိုင်ခဲ့ဘူး။

၃မိနစ်လေးတောင်မှ!!!

ကျင်းဟွမ်က သူရဲကောင်းကိုးဖော်ကို နှစ်ပေါင်းများစွာကစားလာခဲ့ပြီးပြီ ဒါပေမယ့် သူဒီလောက်ထိ ဆိုးဆိုးရွားရွားနှိမ်ခံရတာမျိုး မခံစားခဲ့ရဖူးပါ။ Long Floatingမှာ ထူးခြားကောင်းမွန်နေတဲ့ပစ္စည်းကိရိယာတွေမရှိပေမယ့်လဲ သူ့ရဲ့တောက်ပလင်းထိန်နေတဲ့အ၀တ်စားကိုကြည့်ရင် သူသည်ထူးခြားသည့်အစွမ်းရှိသည့် နတ်ဘုရားဝတ်စုံကို ၀တ်ဆင်ထားကြောင်းပေါ်လွင်သည်။

PVP ကိုကြိုက်နှစ်သက်ကြတဲ့ သူရဲကောင်းကိုးဖော်ကစားသမားအများစုက ဒီvideoကိုကြည့်ပြီးသားဖြစ်ကြပြီး လု့ဝမ်ဟောင်လဲ ထိုထဲအပါဝင်ပင်။သူ ကျင်းဟွမ်နဲ့အတူထပ်ကြည့်ပြီးတော့ "ငါ Long Floatingရဲ့အ၀တ်စားတွေကိုအရင်က မြင်ဖူးတယ်၊ အကုန်လုံးကခရမ်းရောင်စွမ်းရည်တွေနဲ့ပြည့်လျှံနေတာ ဒါပေမယ့် နှလုံးသားလိုအင် ဆန္ဒနဲ့တိုက်ရင် အခုထိ၁၀မိနစ်တောင်မခံနိုင်ဘူး"

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now