~၁၇~p2

1.2K 312 33
                                    

ZawGyi

ငါ့ရဲ့ချစ်ရသူရှေ့မှာ ငါဘယ်လိင်ကိုကြိုက်တယ်ဆိုတာ နင်မလိမ်သင့်ဘူး!

အပိုင်း ၂

"သူမကို ငါလို့သာတွေးလိုက်"

"?"

"နင် ငါ့အတွက်သွေးရေကန်ပစ်ပေးတယ်လို့ပဲ သဘောထားလိုက် ။ဖြေးဖြေးပဲ ပစ်လိုက်၊မစိုးရိမ်နဲ့"

ကျင်းဟွမ်ချက်ချင်းပဲ ထိုသူ၏စာကြောင်းအပိုင်းအစကို သေသေချာချာကို ကြည့်လိုက်သည် ။

ချွန်းရှောင်ကို နှလုံးသား လိုအင်ဆန္ဒလို ဆက်ဆံရမယ်?

ပြောစရာမလိုလောက်အောင်ပဲ ချွန်းရှောင်မှာရင့်ကျက်တဲ့အမျိုးသမီးဇာတ်ကောင်ရှိသော်လဲ သူမအတွက်ခံစားရသည့်ခံစားချက်မှာ နှလုံးသား လိုအင်ဆန္ဒကဲ့သို့ပင်ဆင်တူပြီး သူတို့၂ယောက်လုံးသည် အမဲရောင်အ၀တ်အစားကို ၀တ်ဆင်ထားပြီး ဓါးရှည်ကို ကိုင်ဆောင်ထားကြသည် ။

စကားပြောပြီးသည့်နောက် ရှန့်ဟွိုင်ဇီသည် အခြားတဖတ်သို့ဂရုစိုက်ပေးဖို့အချိန်အတန်ကြာလွတ်လပ်သွားခဲ့သည် ။နတ်ကညာပျိုမြေခွေးလေးကတော့ သူမ၏အမြီးလေး တစ်ဖတ်တစ်ခြပ်စီလေထဲ ဝှေ့ယမ်းနေကာ အခုချိန်ထိနောက်ကနေလိုက်ခံနေရပြီး အချခံနေရတုန်းပင် ။

သူရုတ်တရက် မိုက်မဲတယ်လို့ခံစားမိသွားရသည် ၊သူက ဘယ်လိုလုပ်ပြီးတော့ ရှောင်ထျန်ကျင်အပေါ်မှာ ပုံအောနေမိပါလိမ့်?

သူသည် Lovesicknessကိုထားပစ်ခဲ့ပြီးတော့ နတ်ကညာမြေခွေးမလေးကို အရင်ကယ်ဖို့လုပ်မလိုပြင်နေသည့် အချိန်မှာပင် အမြဲတမ်းပြေးလွှားနေသည့်သူက ရုတ်တရက်ပြန်လှည့်ကာ နာခံစွာဖြင့် အချစ်မွစာကို ပစ်လိုက်သည်ကို မြင်လိုက်ရသည် ။

အချစ်မွစာကဒီတစ်ကြိမ်တော့ ချွန်းရှောင်ဆီကို လေးထောင့်ကျကျထိမှန်သွားပြီး ချွန်းရှောင်သည်ထိုနေရာတွင် ချက်ချင်းအကျဉ်းချုပ်ခံလိုက်ရကာ လှုပ်လို့မရတော့ပါ ။

သူမျက်ခုံးပင့်တင်လိုက်ပြီးတော့ လှပပါပေတယ် လို့ချီးကျူးမလို့ပြင်နေသည့်အချိန်တွင်ပင် ထူးဆန်းသည့်မြင်ကွင်းက ပေါ်ပေါက်လာခဲ့ကာ....။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now