~၃၈~P2

1K 244 3
                                    


ZawGyi

နောက်တစ်နေ့တွင်သူတို့၃ယောက်သည် ပထမကပြောထားကြသည့်အတိုင်း ဟိုတယ်၏အောက်ဘက်နံဘေးတွင်ရှိသော internet caféဆီသို့သွားခဲ့ကြသည်။ သူတို့တွေအသင်းဖွဲ့ပြီး ကစားကြမယ်လို့ပြောထားကြသော်လဲ အဲ့ဒီအစားလုဝမ်ဟောင်ကော ကောင်းဇီရှန်းကောက သူရဲကောင်းကိုးဖော်ကို ဖွင့်လိုက်ကာ တစ်ယောက်က သူ၏နေ့စဉ်တာဝန်ကိုလုပ်ပြီး တစ်ယောက်ကတော့ ဇနီးနဲ့အတူရှုမျှော်ခင်းတွေကြည့်ရန် ထွက်သွားသည်။

ကျင်းဟွမ်က PUBGကိုတစ်ယောက်ထဲ ကစားရတာမကြိုက်ပါ။ဒါကြောင့် သူLOLကို တော်တော်ကြာမှ ပထမဆုံးအကြိမ်ဖွင့်ပြီးဝင်လိုက်ပေသည်။မည်သို့ပင်ဆိုစေကာမူ သူအရင်ကလောက်ကောင်းကောင်း မကစားနိုင်သည့်အတွက်ကြောင့် သူ့ရဲ့အသင်းသားတွေက သူ့ကိုမိဘမဲ့အဖြစ် အားရပါးရကျိန်ဆဲကြတော့သည်။

(T/N - မိဘမဲ့အဖြစ် ကျိန်ဆဲတယ်ဆိုတာက တော်တော်ဆိုးဆိုးဝါးဝါးကို ကျိန်စာတိုက်ဆဲရေးတဲ့ စကားလုံးမျိုးပါ)

သူသည်ဆံပင်ကို ဒေါသထွက်တာကြောင့် ထိုးဖွပလိုက်ကာ ပါးစပ်ကနေကျိန်ဆဲမလို့ လုပ်နေသည့်အချိန်မှာပဲ သူ၏နံဘေးခုံမှာထိုင်နေသည့်မိန်းကလေးက ရုတ်တရက်ကြီးသူ့ကို ပုခုံးထပုပ်တော့သည်။

ထိုမိန်းကလေးတွင် အလွန်ရှည်လျားသည့်မျက်တောင်ရှိပြီး ချစ်စရာကောင်းသည့် သမင်မျက်လုံးတစ်စုံရှိလေသည်။သူမက နူးညံ့သည့်အသံလေးဖြင့် မေးသည်။ "ရှောင်ကောကော အတူတူကစားချင်လား?"

ကျင်းဟွမ်က သူမLOL ကိုကြည့်လိုက်ကာ ထို့နောက်တွင်သူ၏ ရလဒ်ကိုလက်ညိုးထိုးပြပြီး ရီလိုက်သည်။ "မလုပ်ပါနဲ့ ငါကတော်တော်လေး noobတာ"

"ရပါတယ် ဒါက ဂိမ်းပဲဟာကို ။ငါလဲ supportလုပ်ပေးတာပဲ ကစားတတ်တာ" မိန်းကလေးက ထပ်ပြီးပြောလေသည်။

ကျင်းဟွမ်က သူ၏LOLကိုပိတ်လိုက်သည်။ "နောက်တစ်ခေါက်မှပေါ့၊ ငါအခုPUBGကစားတော့မလို့"

ဘယ်လိုလုပ်ပြီး နောက်တစ်ခေါက်ဆိုတာ ရှိနိုင်မှာလဲ?

မိန်းကလေးက သူ့ကိုငြင်းဆန်တာကို သိသွားတာကြောင့် သူမသည်နည်းနည်းတော့ ရှက်သွားခဲ့သည်။ခဏအကြာလောက် ထိုင်နေပြီးနောက်တွင် သူမသည်accကိုပိတ်ကာ ထွက်သွားခဲ့လေသည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now