ZawGyi
Note - ဤအပိုင်းမှစပြီး စာဖတ်သူများပိုမိုအဆင်ပြေချော့မွေ့စေရန် "အသင်းအဖွဲ့အစည်းကို Guild" ဟုပြောင်းလဲရေးသားပေးမည် ဖြစ်ပါသည် ။
ဒီ အကျင့်မကောင်တဲ့ကောင်!သူ့ရဲ့ဆွဲဆောင်မှုတွေကို စတင်ပြီးမထိန်းချုပ်တော့ဘူး!
နှလုံးသား လိုအင်ဆန္ဒက အမှန်တကယ်သူ့ကိုတပါတည်းခေါ်လိမ့်မည်ဟု ကျင်းဟွမ်က မထင်ထားမိပါ ။
နှလုံးသား လိုအင်ဆန္ဒရဲ့ ဂုဏ်သက္ခာကတော်တော်လေး ယို့ယွင်းနေပေမယ့်လဲ သူကအခုထိသန်မာနေဆဲပဲလေ ။အမျိုးမျိုးသော Guild တွေက သူ့ကိုအရင်ကလောက်အထိစိတ်ပါဝင်စားပြီး တောင်းပန်ခယနေမှာမဟုတ်နိုင်သော်လဲပဲ သူတို့တွေက ထိုသူကိုအခုထိတကယ်ပါဝင်စေချင်မည်မှာ အမှန်ပင် ။
နှလုံးသား လိုအင်ဆန္ဒရဲ့သီးသန့်စာပို့တဲ့နေရာက အခုဆိုရင်ပေါက်ကွဲထွက်သွားလေတော့မလားလို့တောင် သူသံသယ၀င်မိနေသည် ။
ကျင်းဟွမ်သည်သူ၏အတွေးတွေကြားကနေသတိပြန်ဝင်လာခဲ့ပြီး ချစ်စဖွယ်ဟန်ပြုမူချင်သည့်အတွက်ကြောင့် အမူအရာစာရင်းကိုဖွင့်လိုက်သည် ။သူသိမ်းထားတဲ့ NBA starရဲ့ ရီစရာကောင်းလွန်းတဲ့အမူအရာ အမြောက်အများကိုတွေ့လိုက်ရသည့်အခါတွင် သူလက်လျှော့လိုက်တော့သည် ။
သူသည် လု့ဝမ်ဟောင်ဆီသို့တံတောင်ဖြင့်တွန်းလိုက်သည် ။ "ဟောင်အမ်ရာ"
လု့ဝမ်ဟောင်က ခေါင်းကိုလှည့်လာကာ "ဘာလဲ?"
"မင်းရဲ့WeChatထဲမှာ ရှိတဲ့ချစ်စရာအမူအရာအချို့ကိုငါ့ဆီပို့လိုက်ပါလား"
လု့ဝမ်ဟောင်က သူ့ထံသို့ထူးဆန်းသည့်အကြည့်တစ်ချက်ပစ်လွှတ်လိုက်ကာ "မင်း အဲ့တာတွေကိုဘာလုပ်ဖို့လိုချင်တာလဲ?"
ကျင်းဟွမ် မရှင်းပြနိုင်ခင်မှာပဲ လု့ဝမ်ဟောင်က သူ့အသံကိုကျယ်ကျယ်လေးမြင့်လိုက်ကာ "အိုးးးးးးးးးဟွမ်ဟွမ်!မင်းက ကောင်မလေးကို လူပျိုလှည့်နေတာ ဟုတ်တယ်မလား?"
ကျင်းဟွမ် - ....
သူ့အသံက နူးညံ့နေတာလဲမဟုတ် ပြီးတော့ စားသောက်ဆိုင်ထဲမှာရှိနေတဲ့သူအများစုက သူတို့ဘက်ကိုလှည့်ကြည့်လာကြသည် ။ထိုဟာကိုကြားသည့်အခါ ကောင်းဇီရှန်းလဲ တံ့သွားသည် ။ပြီးတော့ချက်ချင်းကို သူ့ဖုန်းကိုချထားလိုက်ကာ
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...