~၃၀~P2

1.2K 303 6
                                    

ZawGyi

Part2

[သူငယ်ချင်း] ကျိုးဖုံး - .....အိုကေ ၊ချွန်းရှောင်ပြန်ရောက်ရင် ကစားသမားပြောင်းပေးဖို့ငါသူ့ကိုပြောလိုက်မယ် ။မင်းလဲ သိပါတယ် ၊Guildခေါင်းဆောင်နဲ့ဒုတိယ ခေါင်းဆောင်ပဲ လုပ်ဆောင်နိုင်တဲ့ အာဏာရှိတယ်ဆိုတာကို

ကျိုးဖုံးက သူတို့စကားပြောထားတာကို ssယူပြီးတော့ WeChatကနေ ချွန်းရှောင်ဆီပို့လိုက်သည် ။ချွန်းရှောင်က အလွန်လျင်မြန်စွာပဲ စာပြန်သည် ။

ချွန်းရှောင် - ဟုတ်ပြီ ။ငါနင့်ကိုပြောသားပဲ ၊နှလုံးသား လိုအင်ဆန္ဒက ရှောင်ထျန်ကျင်အခြားအသင်းကိုသွားမှာကို ခွင့်မပြုဘူးဆိုတာကို

ကျိုးဖုံး - အေ့.... များသောအားဖြင့် သူရှောင်ထျန်ကျင်ကို ဂရုမစိုက်သလိုပါပဲ

(T/N - လက်စသတ်တော့ နိ့စနက်ကိုး)

ချွန်းရှောင် - သူက ရှောင်ထျန်ကျင်ကို ဂရုမစိုက်ဘူး ၊ရိုးရှင်းစွာနဲ့ ဒီအတိုင်းကြီးကို သူမဆီသွားပြီးပဲ လက်ဆောင်တည့်တိုးပေးလိုက်တာ ။အဲ့လက်စွပ်အကြောင်းကို နင့်မေ့နေပြီလား ဟမ်?ထားလိုက်တော့ ငါအခုသွားပြီးတော့ ကစားသမားတွေသွားပြောင်းလိုက်မယ် ၊ပြီးတော့ ရှောင်ထျန်ကျင်ကိုလဲ ထပ်မစနဲ့တော့ ။ဒါမှမဟုတ်ရင် နင်တကယ်ပဲအဲ့ဇာတ်ကောင်ကို ကြွေနေတာလား?

ကျိုးဖုံး - ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ ၊နာမည်နဲ့မျက်နှာကပြောင်းလိုက်ပြီးပြီ အဲ့ဒီတော့ ငါရင်ထဲမှာအဲ့ဇာတ်ကောင်က ရှိမနေတော့ဘူး ။ရှောင်ထျန်ကျင်က တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်လို့ ငါမြင်မိတယ်

ချွန်းရှောင် - ဘယ်လိုပုံစံစိတ်ဝင်စားဖို့ကောင်းတာလဲ?

ကျိုးဖုံး - ငါ ဒါကိုဘယ်လိုပြောရမလဲ...... သူမနဲ့ဒီအတိုင်းသာမန်စကားပြောနေရုံ ၊ရိုးရိုးရှင်းရှင်းဖြစ်စဉ် အတူတူလုပ်နေရုံက အခြားသူတွေနဲ့ကစားတာထက်ကိုပိုပြီး စိတ်ဝင်စားဖို့ကောင်းသလိုခံစားနေရတာ ။ဒါက ဂိမ်းပဲ...ငါတို့အားလုံးပျော်ဖို့ကစားနေကြတာမလား?

ချွန်းရှောင် - ဒါဆိုလဲ...ကျားရို့ ။နှလုံးသား လိုအင်ဆန္ဒနဲ့နင်ရန်မဖြစ်စေဖို့ပဲ ငါမျှော်လင့်တယ် ။ငါတို့အားလုံးက တူညီတဲ့Guildတစ်ခုတည်းမှာပဲ ပြီးတော့အဲ့တာက ငါနဲ့ Lovesicknessအတွက် လွယ်ကူစေမှာမဟုတ်ဘူး

...Tahanan ng mga kuwento. Tumuklas ngayon