~၄၇~P2

2K 261 17
                                    

ZawGyi

ကျင်းဟွမ်ကတော့ ပေကပ်ကာ နှလုံးသား လိုအင်ဆန္ဒဆီသို့ ဖိတ်ကြားစာတွေ ဆက်ပို့နေဆဲပင်။သူ့ကိုနမ်းဖို့ကို အငြင်းခံရတယ်၊သူ့ရဲ့ လည်ပင်းကို နမ်းဖို့လဲ အငြင်းခံရတယ်၊ ပြီးတော့ မျက်နှာလေးကို နမ်းဖို့ကိုတောင်မှ နှလုံးသား လိုအင်ဆန္ဒက အားလုံးကို ငြင်းဆိုခဲ့သည်။

သူနှာခေါင်းရှုံ့လိုက်သည်။ ဂိမ်းထဲမှာ အနမ်းခံလိုက်ရတာက ဘာတွေများအဲ့လောက်တောင် မင်းအသားယူခံလိုက်ရလို့လဲ?

သူ စကားနည်းနည်းလောက်ပြောဖို့တွေးနေခဲ့သော်လဲ မျက်နှာပြင်၏ဘယ်ဘက်ထောင့်ဆီမှ WeChat noti ကပေါ်လာခဲ့သည်။

ရှောင်ထျန်ကျင် - အမ်? ဘာများဖြစ်လို့လဲ ?0.0

ငါဘယ်တော့ပြန်လာမလဲ မမေးပါနဲ့- နင် နှလုံးသား လိုအင်ဆန္ဒနဲ့အတူ guildရဲ့ရှုခင်းနေရာမှာ မီးရှုးမီးပန်းတကယ်ဖောက်ခဲ့တာပဲ

ရှောင်ထျန်ကျင် - (///V///)အမ်? ငါတို့ကို လူမိသွားတာလား? guildရှုခင်းက ပိုလှလာသလိုပဲ

ပေါက်စီ ဒူဒူ - အဲ့တာက လနန်းဆောင်ရဲ့ရှုခင်းထက်တောင် ပိုလှသေးတယ် (ရီသည်)

မက်မွန်ရောင် ကံကြမ္မာ - နင်နဲ့guildအရာရှိတို့လက်ထပ်တော့မယ်ဆိုပြီး တကယ်ထင်သွားတာ (ပါးစပ်ပိတ်သည်)

ရှောင်ထျန်ကျင် - အမ် ငါတကယ် ကိုကိုနဲ့လက်ထပ်ချင်တာ ဒါပေမယ့် သူကငါ့ကို လက်ထပ်ဖို့အခုထိငြင်းနေတုန်းပဲ >.<

မက်မွန်ရောင် ကံကြမ္မာ - ....

မက်မွန်ရောင် ကံကြမ္မာ - ငါက guildအရာရှိကျိုးဖုံး အကြောင်းကိုပြောနေတာ

ရှောင်ထျန်ကျင် - !?

ရှောင်ထျန်ကျင် - ငါက ဘယ်လိုလုပ်ပြီး အခြား၁ယောက်နဲ့လက်ထပ်မှာလဲ?! (ကြောက်လန့်သည့် မျက်နှာ)ကျိုးဖုံးနဲ့ငါက သူငယ်ချင်းတွေလေ!

ကျိုးဖုံး - သူငယ်ချင်းကဒ်ကိုကိုင်ရင်း ဖြတ်သွားသည်။

မက်မွန်ရောင် ကံကြမ္မာ - lol lol lol

ငါဘယ်တော့ပြန်လာမလဲ မမေးပါနဲ့- guildအရာရှိ၊ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now