Arc(2.3)

4.6K 855 94
                                    

Unicode

Arc(2.3)

တစ်ဖြေးဖြေးနဲ့ဝေးကွာသွားတဲ့ကျုံကျစ်ရဲ့ပုံသဏ္ဍာန်ကိုကြည့်ရင်းဟီထျန်းကမနေနိုင်ပဲမေးမိသည်။

[မင်းသူ့ကိုဒီအတိုင်းပဲသွားခွင့်ပေးလိုက်တာလား?]

ရှီရှန်းကတော့ဂရုမစိုက်ဟန်နှင့်ပြန်ဖြေသည်။

[မလောစမ်းပါနဲ့..ငါတို့အနှေးနဲ့အမြန်တော့တွေ့မှာပဲဟာ]

ထင်ရှားစွာပင်ရှီရှန်းကကျုံကျစ်ကိုမျက်လုံးထဲမထည့်ဘူးဆိုတာဟီထျန်းနားလည်လိုက်သည်။

ထင်ရှီချင်းကိုသူဘယ်လိုမျိုးဖြေရှင်းခဲ့လဲဆိုတာကိုပြန်စဉ်းစားမိတဲ့အချိန်မှာတော့ဟီထျန်းမှာမနေနိုင်ပဲကျုံကျစ်အတွက်ဖယောင်းတိုင်လေးထွန်းပေးထားလိုက်၏။

‌မျှော်လင့်ထားသလိုပင်,ရက်အနည်းငယ်အတွင်းမှာပဲကျုံကျစ်ကလက်ရှိမှာမြို့ထဲရောက်နေပြီဆိုတဲ့သတင်းကိုရှီရှန်း'ကြား'လိုက်တာကြောင့်သူ့ကိုသွားတွေ့ရန်သူ့မိဘတွေကိုပူစာတော့သည်။

အဆုံးမှာတော့ထိုစုံတွဲသည်သူတို့သားကိုရှုံးသွားပြီးစစ်သူကြီးအိမ်တော်အားအကြောင်းကြားရန်လူတစ်ယောက်စေလွှတ်လိုက်ရသည်။

သို့သော်တစ်ဖက်ကတော့ကျုံကျစ်ကစစ်တန်းလျားမှာပဲရှိနေသေးပြီးမွန်းလွဲပိုင်းလောက်ရောက်သည်ထိပြန်လာမှာမဟုတ်ကြောင်းအကြောင်းပြန်လာ၏။

ထိုစုံတွဲကသူတို့သားလေးတော့လက်လျော့မှာပဲဟုတွေးလိုက်သေ်ာလည်းသူတို့သားကကျုံကျစ်အတွက်နေ့လည်စာသွားပို့ပေးချင်ကြောင်းပြောလာမယ်လို့ဘယ်သူထင်မိမှာလဲ...

တကယ်တော့သူတို့သားချက်ပြုတ်နိုင်ကြောင်းတောင်သူတို့တစ်ခါမှမသိခဲ့ဘူး! (o`゚皿゚)

ပြီးတော့လည်းဘာဖြစ်လို့အဲ့ဒီအကောင်ကသူချက်တာကိုပထမဆုံးစားတဲ့သူဖြစ်ရမှာလဲ?!

တကယ်တော့သူတို့ကိုရှီရှန်းကသူစာအုပ်ဖတ်ထားလို့ဘယ်လိုချက်ပြုတ်ရမလဲဆိုတာသိတာဖြစ်ကြောင်းနှင့်သူသေချာချက်ပြုတ်နိုင်ပါ့မလားဆိုတာအာမ,မခံကြောင်းသာမာန်ကာလျံှကာပြောထားတာဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now