Arc(1.14)

6.1K 1K 43
                                    

Unicode

Arc(1.14)

မူလကတော့ကောင်လေးရဲ့ပုံရိပ်ပြောင်းလဲသွားတာကသူ-သူ့ကိုစပြီးအာရုံစိုက်လာမိလို့ဖြစ်တာကြောင့်လို့ထင်လိုက်မိပြီးအဲ့ဒါကြောင့်လည်း ကောင်လေးကိုသူရှင်းရှင်းလင်းလင်းနားလည်တယ်လို့ထင်လိုက်မိသော်လည်း အဲ့ဒါကလုံးဝမဟုတ်ဘူးဖြစ်နေသည်။

ဒီစကားကမဖြစ်နိုင်တဲ့စကားဆိုပေမယ့်လင်ယွဲ့ကအရင်တုန်းကနဲ့မတူတဲ့သူတစ်ယောက်ဖြစ်နေတယ်ဆိုတာကိုသူယုံကြည့်နေမိတယ်။

သူ့အပေါ်ထားမိတဲ့သူ့ခံစားချက်အမှန်ကိုသိလိုက်တဲ့အချိန်တုန်းကသူနဲ့ပတ်သတ်ပြီးပိုအလေးအနက်စဉ်းစားလာမိတယ်...သူသိထားတဲ့လင်ယွဲ့ကထင်ရှီချင်းနဲ့ဒီလိုရှင်းရှင်းလင်းလင်းအဆက်ဖြတ်လိုက်မှာမဟုတ်သလိုအဲ့ဒီအေးဆေးတည်ငြိမ်တဲ့မျက်လုံးတစ်စုံကတည်းလင်ယွဲ့အစစ်ပိုင်ဆိုင်နိုင်တဲ့အရာမဟုတ်ဘူး....

ဒီလူဒီကိုဘယ်လိုရောက်လာခဲ့လဲမသိပေမယ့်လည်းသူလုံးဝဂရုမစိုက်ဘူး..ဘာကြောင့်လဲဆိုတော့ကောင်လေးဒီကိုရောက်လာပြီးနောက်ပိုင်းသူ့အပေါ်မှာချစ်မိသွားစေတဲ့အတွက်သူအရမ်းပျော်ရွှင်ရတယ်လေ

ဘယ်လိုအခြေအနေပဲဖြစ်နေပါစေသူတို့အတူတကွပဲဖြစ်ရမယ်...

ဒါပေမဲ့လွန်ခဲ့တဲ့တစ်ခဏတုန်းကကောင်လေးနန်မိသားစုမှာနေထိုင်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ကြားလိုက်ရတဲ့အချိန်မှာသူအရမ်းကြောက်သွားခဲ့မိတယ်...

အကြောင်းကတော့ဒီလူကလင်ယွဲ့မဟုတ်တဲ့အတွက်အဓိပ္ပါယ်ကသူတို့နှစ်ယောက်ကြားမှာချည်ထားတဲ့ကြိုးမရှိဘူးဆိုတာပဲ....အဲ့ဒါကြောင့်နောက်ဆုံးမှာသူထွက်သွားလိမ့်မယ်....

ဒီလူကသူတို့ကိုဖြတ်သွားဖြတ်လာလူတစ်ယောက်လိုပဲသတ်မှတ်ထားတာ...

ထိုအချိန်မှာတစ်ခြားတစ်ဖက်မှာတော့ရှီရှန်းကသူ့မေးခွန်းအပေါ်မှာအနည်းငယ်အံ့အားသင့်သွားမိသော်လည်းသူ့မျက်နှာပေါ်မှာတော့မဖော်ပြပဲစိတ်ရှုပ်ထွေးသွားသည့်မျက်နှာအမူအယာကိုသာဆက်ထိန်းထားရင်းသူ့ရှေ့ကထိုလူကိုစစ်ဆေးလိုက်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now