Arc(1.3)

8.6K 1.2K 63
                                    

Unicode

အရုဏ်တက်ချိန်တွင်ရှီရှန်းက အိပ်ယာမှထလိုက်ပြီးရေချိုးခန်းထဲဝင်၍ ကိုယ့်ကိုကိုယ်ပြင်ဆင် လိုက်ပြီးနောက်အဖြူရောင်အားကစား ဝတ်စုံကိုဝတ်ဆင်လိုက်သည်။

သူကတစ်ခါတစ်ရံတော့ ခြောက်နာရီခွဲလောက်ထိ အိပ်မောကျလေ့ရှိသော်လည်း ပုံမှန်အားဖြင့်ကမနက်ခင်းရေတို ပြေးခြင်းကိုတစ်ခါမှမလွတ်ခဲ့ဘူးပေ။

ဒီခန္တာကိုယ်ကပါးလွှာပြီးအားနည်းနေတာကိုသူနားလည်လိုက်ရပြီး1.63mသာရှိနေသည်။မနေ့ညကနန်စီချန်းနဲ့စကားပြောတဲ့အချိန်တုန်းကသူ့မျက်နှာကိုကြည့်နိုင်ဖို့သူ့မှာခေါင်းမော့၍ပြောခဲ့ရပြီးထိုအဖြစ်ကရှီရှန်းလိုနန်စီချန်းနဲ့အရပ်တူဖြစ်ခဲ့ပြီးအမြဲတမ်းတစ်ခြားသူတွေဆီကခေါင်းငုံ့ပြီးအကြည့်မခံဘူးတဲ့သူအတွက်ကတော့အဆင်မပြေပေ။

သူဒီကိုယ်ခန္ဓာကိုလေ့ကျင့်ပေးပြီးကျန်းမာရေးလိုက်စားမယ်ဆိုရင်တောင်အများဆုံး1.74 mလောက်ပဲရောက်ပြီးအမျိုးသမီးတစ်ဦးလိုနူးညံ့သိမ်မွေ့ပြီးပါးလွှာတဲ့ကိုယ်ခန္ဓာနဲ့သာအဆုံးသတ်ခဲ့မှာပါပဲလေ...

ထိုအကြောင်းအားစဉ်းစားနေရင်းဖြင့်ရှီရှန်းကအခန်းထဲမှထွက်လာပြီးနေပြီဖြစ်ပြီးဒုတိယထပ်သို့ဖြည်းညင်းစွာဆင်းလာရင်းအခန်းထဲကထွက်လာသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့်ရုတ်တရက်သူ့ခြေလှမ်းများကိုရပ်တန့်လိုက်မိတော့သည်။

[အမျိုးသားဇာတ်လိုက်ကလည်းပြေးဖို့သွားမယ်ဆိုတာမင်းငါ့ကိုဘာဖြစ်လိုှ့မပြောတာလဲ?]

ဟီထျန်းကတော့ရိုးရှင်းစွာပဲပြန်ဖြေလိုက်သည်။ [မင်းမှမမေးတာ]

[ဒီခန္တာကိုယ်ရဲ့မှတ်ဉာဏ်တွေနဲ့ဇာတ်ကြောင်းကိုပေးတာကလွဲရင်မင်းဒီမှာဘာဖြစ်လို့ရှိနေရတာလဲ?]

[မင်းနဲ့စကားပြောဖို့လေ!]

ရှီရှန်းကတော့ရွဲ့တဲ့တဲ့ဖြင့်ပြန်ဖြေလိုက်တော့သည်။

[ဘယ်လောက်တောင် အဆင်ပြေလိုက်လဲ?]

[ဘာဖြစ်လို့လဲ.... ကျေးဇူးပဲ~]

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now