Arc(1.11)

7.4K 1.1K 35
                                    

Unicode

Arc(1.11)

ထိုစကားကိုကြားသည့်ယန်မင်းက တော့မသိလိုက်ပါပဲမျက်နှာရဲတက် သွားတော့သည်။အကြောင်းကတော့ သူမကအုပ်စုထဲမှာတစ်ယောက်တည်း သောမိန်းကလေးလေအဲ့ဒီတော့သူမ မဟုတ်ရင်တစ်ခြားသူဘယ်သူနဲ့များ သူကထိုင်မှာလဲ?

အာယား..သူ့ပုံစံကြည့်တော့ဘာကိုမှ ဂရုမစိုက်တဲ့ပုံနဲ့ဒါပေမဲ့သူကဒီလိုမျိုး ရဲတင်းတဲ့လူဆိုတာဘယ်သူကသိမှာလဲ~

သူမအတွေးထဲမှာရှိနေသည့်ချီချန်း ကတော့သူ့ဝိညာဉ်ပြန်ရလာသလိုမျိုး စိတ်ကျေနပ်သွားသည့်မျက်နှာဖြင့် သောက်စရာများကိုပါသယ်ပေးလိုက် ပြီးရှီရှန်းရှိရာသို့ပြန်သွားလိုက်လေသည်။

သို့သော်အသေးတစ်ယောက်နှင့်အကြီး တစ်ယောက်တို့ကစုံတွဲတွေလိုမျိုးတစ် ယောက်နှင့်တစ်ယောက်မျက်နှာခြင်းဆိုင် ပြီးငြင်းခုံနေတာကိုတွေ့သောအခါသူ့မျက် နှာကချက်ချင်းပင်ရံှ့တွသွားရတော့သည်။

သူတို့နှစ်ယောက်ကတစ်ယောက်နှင့် တစ်ယောက်လုံးဝမတူညီသော်လည်း တစ်နည်းနည်းဖြင့်သူတို့ကိုကြည့်ရတာ စုံတွဲနှင့်တူနေသည်။

တစ်ယောက်ကS ပြီးတော့တစ်ခြားတစ်ယောက်က M!

သူရုတ်တရက်ရပ်သွားတာကိုတွေ့ သောအခါယန်မင်းကလှည့်ပြီးသူ့အား ကြည့်လိုက်သည်။သူကြည့်နေသည့် အရာကိုမြင်လိုက်သည်နှင့်သူမက ညင်ညင်သာသာဖြင့်ရယ်မောလိုက်၏။

"သူတို့နှစ်ယောက်ကအတူတူဆိုရင် အရမ်းကြည့်ကောင်းတာပဲ!ရှဟိုက လူကောင်းတစ်ယောက်ဖြစ်ပြီးဉာဏ် ကောင်းတဲ့သူပါအဲ့ဒါကြောင်သူတို့ဆက် ဆံရေးနဲ့ပတ်သတ်ပြီးစိတ်ပူစရာမလိုပါဘူး"

ချီချန်းရဲ့သည်းခံမှုကအတော်လေးပါး လွှာပြီးသူ့အတွေးတွေကိုဒီလိုမျိုးထုတ် ပြောခြင်းခံလိုက်ရသောအခါချက်ချင်း ပင်ဒေါသထွက်သွားတော့သည်။

"မင်းစကားမပြောတော့ရင်အကောင်း ဆုံးဖြစ်လိမ့်မယ်!"

သူကယဉ်ကျေးနေရန်ပင်မလုပ်တော့ပဲ ထိုစကားကိုပြောပြီးသည်နှင့်ချက်ချင်း ပင်လျှောက်ထွက်သွားသောကြောင့် ယန်မင်းရဲ့အပြုံးကိုအေးခဲသွားစေသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now