Unicode
Arc(2.4)
ကုရှန်းမှာသူ့ကိုအော်ဟစ်လုနီးပါးပင်။
မင်းစားတာကထမင်းဖြူကြီးသက်သက်ပဲကိုအခုတော့စားပြီးသွားပြီတဲ့လား?!သူကမင်းဆီကနေထွက်ပြေးနေတာကိုမမြင်ဘူးလားဟ?!
သူကဟင့်အင်းလို့ပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲဟဲကျွော်ယန်ကသူ့ကိုခပ်ဖျော့ဖျော့ခေါင်းခါပြသည်။
ကုရှန်းကခဏလောက်တွန့်ဆုတ်နေပြီးမှကူကယ်ရာမဲ့စွာသက်ပြင်းချမိရင်းပြန်ဖြေလိုက်ရသတော့ည်။
"ကောင်းပြီ"
ထို့ကြောင့်ကျုံကျစ်ကခေါင်းကိုအနည်းငယ်ညိတ်ပြပြီးရှီရှန်းရှိရာသို့ထထွက်သွားတော့သည်။
လက်ရှိသူတို့ကဥယာဉ်ထဲမှာလမ်းလျှောက်နေကြပြီးကျုံကျစ်ကလမ်းကိုလင်းစေရန်မီးအိမ်တစ်ခုကိုင်ဆောင်ထားသည်။
သူကသူတို့နှစ်ယောက်,ဘေးချင်းယှဉ်လျှောက်နိုင်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်ဖြေးညှင်းစွာလျှောက်နေသော်လည်းတစ်ဖက်လူကတော့ခေါင်းကိုသာဆက်တိုက်ငုံ့ထားကာမည်သည့်စကားမျှမပြောပေ။
ထို့ကြောင့်ကျုံကျစ်ကသာစကားစပြောလိုက်ရသည်။
"ဒီနေ့ဘာဖြစ်လို့ရုတ်တရက်ပြန်သွားရတာလဲ?"
သူ့မေးခွန်းကိုလူငယ်လေးကပြန်မဖြေသည့်အပြင်ခေါင်းကသာပိုငုံ့သွားသည်။သို့သော်ကျုံကျစ်ကသူ့ကိုဒေါသမထွက်ပေ။တည်ငြိမ်စွာဖြင့်သာမေးခွန်းထပ်မေးလိုက်သည်။
"ဒါဆိုဘာဖြစ်လို့အဲ့ဒီကိုလာခဲ့တာလဲ?"
မမျှော်လင့်ပဲဒီတစ်ခေါက်တော့သူ့ဘေးမှအသံသေးသေးလေးတစ်ခုထွက်လာသည်။
"နေ့လည်စာပေးချင်လို့"
သူ့အဖြေကြောင့်ကျုံကျစ်ကချက်ချင်းခေါင်းလှည့်ကြည်လာပြီးသူ့ဘေးကလူကိုကြည့်လိုက်ကာတုန်လှုပ်သွားတာသိသာနေ၏။
"ဘာဖြစ်လို့မင်းရဲ့နေ့လည်စာကိုရွှီးဟွမ့်နဲ့ပေးလိုက်တာလဲ?"
သူ့ပါးစပ်ကထိုနာမည်ထွက်လာသည်ကိုကြားသည့်အခါရှီရှန်းပုံစံကသုန်မှုန်သွားသည်။သူကစိတ်ပျက်အားငယ်ဟန်ဖြင့်ပြန်ဖြေ၏။
YOU ARE READING
အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်း
Randomအခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင့်အရေးမရသေးခင်မှာပဲသူ့ဇာတ်လမ်းတစ်ခုလုံးအား သူကိုယ်တိုင်ပဲဖျက်ဆီးလိုက်လေသည်။ Transmigrator A - သူ့ရဲ့...