Arc(2.6)

4.3K 707 27
                                    

Unicode

Arc(2.6)

ထိုအချိန်ရှီရှန်းကနောက်ထပ်အပိုဆောင်းတာဝန်တစ်ခုကိုမျှော်လင့်ထားပြီးမျှော်လင့်ထားသလိုပဲရင်းနှီးနေတဲ့noti သံတစ်ချက်ကြားလိုက်ရသည်။

[Side task:ကုယန်ဝူx ရွှီးဟွမ့်x ဝူချီ]

ရှီရှန်းသည်ယခင်လုပ်ဆောင်ခဲ့ရမှုများနဲ့ဒီကမ္ဘာရဲ့သဘောသဘာဝအရပေးလာမယ့်အပိုဆောင်းတာဝန်အကြောင်းခန့်မှန်းပြီးသားပင်။

ပတ်မှတ်တွေကချစ်သွားကြစရာမလိုဘူး

ပစ်မှတ်တွေအတူတူအိပ်မိသွားသ၍အဲ့ဒါကအောင်မြင်တယ်လို့သတ်မှတ်နိုင်တယ်

ဒီလိုအချက်လေးကိုရှာမတွေ့ခဲ့ရင်လုံးဝရှုပ်ထွေးသွားမှာ

ရုတ်တရက်ဟီထျန်းအသံကိုကြားလိုက်ရသည်။

[ငါအခုတော့သိပြီမင်းဘာဖြစ်လို့ဝူချီကိုရွှီးဟွမ့်အပေါ်ကျရှုံးသွားအောင်မလုပ်ပဲဒီအတိုင်းဆေးခပ်လိုက်လဲဆိုတာကို...ဒီတစ်ခေါက်လွယ်တယ်မှတ်လားဟုတ်တယ်မှတ်လား?အပိုဆောင်းတာဝန်ကမင်းကိုအတွဲအစဉ်လိုက်လေးတောင်ပြောပြထားသေးတယ်ရယ်]

ရှီရှန်းကဒီအတိုင်းညင်သာစွာဖြင့်သာမျက်ခုံးမြှင့်ပြလိုက်သည်။

ဒါကသူ့အားသာချက်လို့ပြောလို့မရဘူးလေအကယ်၍ဒီလိုအပိုဆောင်းတာဝန်မျိုးကိုသာအရင်ကမ္ဘာမှာတုန်းကပေးခဲ့ရင်သူသေချာပေါက်ကျဆုံးလိမ့်မယ်

သူတို့အဲ့ဒီလောက်တောင်သူ့ကိုဆိုးဆိုးဝါးဝါးရှုံးစေချင်နေတာလား?

အရေးကြိးတာကတော့ဒီကမ္ဘာကအမျိုးသားဇာတ်လိုက်တွေကိုမြင်မြင်ခြင်းပဲရှီရှန်းချက်ချင်းသိလိုက်တယ်ဒီလူတွေကမူလဇာတ်ကြောင်းထဲမှာဖော်ပြထားသလိုမျိုးရွှီးဟွမ့်ကိုသင့်သင့်မြတ်မြတ်နဲ့ခွဲဝေသုံးနိုင်ကြမှာမဟုတ်ဘူး

အဲ့ဒီတော့အမျိုးသားဇာတ်လိုက်သုံးယောက်လုံးကိုရွှီးဟွမ့်နဲ့ငြိမ်းချမ်းစွာနေထိုင်သွားကြလေသတည်းလုပ်ဖို့ကမဖြစ်နိုင်တာကြီး

အဓိပ္ပါယ်ကတော့ကျဆုံးနိုင်တဲ့ဖြစ်နိုင်ခြေကများတယ်ဆိုတဲ့သဘောပဲ

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now