Unicode
အစားအစာအမျိုးမျိုးနှင့်ပြည့်နေသော စားပွဲကိုကြည့်ရင်းရှီရှန်းမှာတစ်ကိုက်မှ မကိုက်ရသေးတာတောင်ဝသွားသလိုမျိုး ရုတ်တရတ်ခံစားလိုက်ရသည်။
နောက်ဆုံးတော့သူလည်းသူ့ရဲ့ ဆန့်ကျင်ဘက်မှာထိုင်နေသည့် ချီချန်းအားမေးလိုက်တော့လေ၏
"ဒါဘာတွေလဲ?"
ထိုလူဘာပြောမလဲဆိုတာသိသည့်ပုံစံဖြင့် သူကထပ်ပေါင်းပြောလိုက်သေးသည်။
"ဒါတွေကအစားအစာတွေလို့တော့မပြောနဲ့"
သူ့ရဲ့နောက်ဆုံးစကားကိုကြားပြီး ချီချန်းမှာရယ်မောမိရင်း ရှင်းပြလိုက်လေသည်။
"မင်းနှစ်သက်တဲ့စားစရာက ဘာလဲဆိုတာသိခြင်လို့.. အဲ့ဒါကြောင့်စားဖိုမှုးကို ဟင်းပွဲတော်တေ်ာများများ လုပ်ခိုင်းထားလိုက်တာ"
မျက်ခုံးကိုအနည်းငယ်မြှင့်လိုက်ရင်း ရှီရှန်းကပေါ့ပါးသည့်အသံဖြင့်သာ ပြန်ပြောလိုက်သည်။
"ကျွန်တော့ကိုတိုက်ရိုက်မေးလိုက်လဲရတာပဲ"
အပြန်အလှန်အနေဖြင့်ချီချန်းက ပေါ့ပါးစွာသာခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူးအဲ့ဒီလိုလုပ်စရာမလိုဘူး... ငါကမင်းနှစ်သက်တဲ့စားစရာက ဘာလဲဆိုတာခန့်မှန်းပြီးတော့ငါတို့ ဘယ်လောက်ကိုက်ညီမှုရှိလဲသိခြင်လို့"
ထို့နောက်သူကလက်ပိုက်လိုက်ပြီး လက်ကိုရင်ဘက်နေရာတွင်ထားကာ ရှေ့သို့တိုး၍မေးလိုက်သည်။
"အခုပြောတော့....ဒီဟင်းပွဲတွေထဲမှာ မင်းကြိုက်တာရှိလား?"
သူ့ရဲ့ချောမောခန့်ညားသော အပြုံးမျက်နှာကိုကြည့်ကာ ကောင်လေးကကူကယ်ရာမဲ့စွာဖြင့် စားပွဲတစ်ခုလုံးကိုခြုံကြည့်လိုက်ပြီး သူ့ရှေ့ကထိုလူကိုပြန်ကြည့်လိုက်သည်။
ချီချန်းကသူ့အဖြေကိုစိတ်အား ထက်သန်စွာစောင့်ဆိုင်းနေသော်လည်း လူငယ်လေးကဘာမှမပြောပဲ သူ့ကိုသာဗလာဖြစ်စွာဖြင့် ကြည့်နေသောကြောင့် မနေနိုင်တော့ပဲတစ်ခုခုဖြစ်နေပြီဟု ခံစားလိုက်ရလေသည်။
YOU ARE READING
အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်း
Randomအခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင့်အရေးမရသေးခင်မှာပဲသူ့ဇာတ်လမ်းတစ်ခုလုံးအား သူကိုယ်တိုင်ပဲဖျက်ဆီးလိုက်လေသည်။ Transmigrator A - သူ့ရဲ့...