Arc(4.10/2)

2.1K 411 19
                                    

Unicode

Arc(4.10/2)

ရှီရှန်းက အမှတ်ရစရာကောင်းတဲ့ ပြကွက်များကို သရုပ်မဆောင်ခဲ့ပဲ ဟဲဟန်၏ ဇာတ်ကောင်ဖွံ့ဖြိုးသွားသည့်ဟန်ကိုသာ အချိန်တိုအတွင်း ပြသခဲ့သည်။

ဒါရိုက်တာမုက လက်ကိုင်ပဝါဆွဲထုတ်ပြီး သူ့နှဖူးပေါ်က မရှိတဲ့ချွေးများကို သုတ်လိုက်မိလေသည်။

ဒါရိုက်တာမုသည် ဇာတ်ရုပ်ထဲကို အရမ်းနစ်ဝင်သွားတာကြောင့် လူငယ်လေးရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ပြောစရာစကား ရှာမရ ဖြစ်သွားရသည်။

သူ့ရဲ့ ဇာတ်ရုပ်ထဲ အဝင်အထွက် လုပ်သွားသည့် အသွင်ကို ကြည့်ရင်း ဒါရိုက်တာမုက တုန်လှုပ်သွားရ၏။

သူက တစ်ခြားအကဲဖြတ်များအား တစ်ချက်ကြည့်လိုက်သော်လည်း သူတို့မျက်နှာများကို မြင်တာနဲ့ ရလဒ်ကို ဆွေးနွေးနေရန် မလိုအပ်တော့ပေ

"ကျုပ်က ဒါရိုက်တာမုပါ, မင်းနဲ့အတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်မိပါတယ် ယဲ့ရှယ်"

ရှီရှန်းက အနည်းငယ် ဦးညွှတ်လိုက်၍

"ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ"

လူရွေးပွဲက ပြီးသွားပြီ ဖြစ်သော်လည်း ရှီရှန်းကတော့ Mystery Singer. ပြိုင်ပွဲအတွက် လေ့ကျင့်မှုများဖြင့် အလုပ်ရှုပ်နေဆဲပင်။

အသံသွင်းမည့်နေ့ ရောက်ရှိလာသည်။ မုရှုန်းက အဖြူရောင် မင်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့ အစိမ်းရောင် အခန်းထဲမှာ သက်တောင့်သက်သာထိုင်ကာ ဖန်သားပြင်ပေါ်က အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်ပေးနေမှုအား ပျင်းရိစွာ ကြည့်နေသည်။

လောလောဆယ်မှာသူက ယဲ့ရှယ်၏ ကိစ္စကို လက်လွှတ်ပေးထားဖို့ ဆုံးဖြတ်လိုက်ပြီး ပြိုင်ပွဲမှာသာ ဆက်အာရုံစိုက်ထားလိုက်၏။

သူ့လို အိုင်ဒေါတစ်ယောက်က သုံးကြိမ်ဆက်တိုက် အနိုင်ရခြင်းသည်ပင် အံ့အားသင်စရာကောင်းသည့် ပြယုပ်တစ်ခုဖြစ်နေသော်လည်း မုရှုန်းကတော့ လေးကြိမ်မြောက် အနိုင်ပွဲအတွက် ရည်မှန်းထားသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now