Arc(1.6)

7.8K 1.1K 22
                                    

Unicode

Arc(1.6)

ရှီရှန်း၏ထူထဲပြီးရှည်လျားသည့် မျက်တောင်များကအနည်းငယ် တုန်ယင်လာပြီးမျက်လုံးများဖြည်း ငြင်းစွာပွင့်လာခဲ့သည်။

သူကတစ်ခါမှတစ်စုံတစ်ယောက်နှင့် အတူမအိပ်ခဲ့ဘူးသော်လည်းပြီးခဲ့တဲ့ ညကတော့အဆင်ပြေခဲ့သည်ဟု ပြောနိုင်သည်။ရိုးရှင်းစွာပြောရရင် နန်ချီချန်းနှင့်သူကပုံစံတူသည့်သူများ ဟုပြောနိုင်သောကြောင့်တူညီသည့် အရာတစ်ခုခုရှိနေကြသည့်သူအချင်း ချင်းအတူတူတစ်ယောက်နှင့်တစ် ယောက်ဝေမျှကြတာကသိပ်တော့ မဆိုးရွားပေ။

အခန်းကမှောင်နေဆဲဖြစ်တာကြောင့် နံနက်အစောပိုင်းပဲရှိသေးသော်လည်း ရှီရှန်းကတော့ထရန်ဆုံးဖြတ်လိုက်ပြီး သူ့အခန်းသို့ပြန်သွားရင်းပုံမှန်အပြေး လေ့ကျင့်ခန်းသွားလုပ်ရန်ပြင်လိုက်သည်။

မနက်ခင်းလေ့ကျင့်ခန်းအကြောင်း တွေးရင်းဖြင့်ရှီရှန်းကနန်ချီချန်းကို သတိရသွားမိသည်။လွန်ခဲ့တဲ့ရက် အနည်းငယ်ကသူဘယ်အချိန်ပဲထွက် လာပါစေနန်ချီချန်းနဲ့ထိပ်တိုက်တွေ့ ဆုံခဲ့သောကြောင့်အမျိုးသားဇာတ်လိုက် ကရည်ရွယ်ချက်ရှိရှိလုပ်နေခဲ့တာ သေချာသည်။

ရှီရှန်းကသူ့ရဲ့ကိုယ်နေဟန်ထားကို အနည်းငယ်ပြောင်းလိုက်ပြီးတစ်ဖက် လူအားကြည့်ရန်သူ့ခေါင်းကိုဖြည်းဖြည်း ခြင်းဆီလှည့်လိုက်သည်။

သူ့ခေါင်းကိုလှည့်ပြီးသည့်တစ်ခဏ မှာပဲရှီရှန်းမှာချက်ချင်းပင်အေးခဲသွား ရလေ၏။

သူနှင့်အတော်ဝေးဝေးမှာရှိနေရမည့် နန်ချီချန်းကမီတာဝက်အကွာအဝေးတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပဲရှီရှန်းကထိုအမျိုးသား၏ မျက်တောင်များအနည်းငယ်လှုပ်ရှား လာတာကိုသတိပြုမိလိုက်သောကြောင့် အနောက်သို့ဆုတ်ပြီးအဝေးသို့ပြေးထွက် ရန်ပြင်ဆင်လိုက်သော်လည်းသူက အိပ်ယာအစွန်းမှာအိပ်နေတာဖြစ်တာ ကြောင့်သူဘယ်များသွားနိုင်ဦးမှာလဲ?

ရလဒ်အနေဖြင့်ဤမျှော်လင့်မထားသော မြင်ကွင်းကြောင့်ထိတ်လန့်သွားသော ကောင်လေးမှာချက်ချင်းပင်ခေါင်းဖြင့် အိပ်ယာပေါ်မှပြုတ်ကျသွားတော့လေသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now