Arc(4.12)

2K 379 21
                                    

Unicode

Arc(4.12)

နောက်ဆုံးတော့ Mystery Singerရဲ့ အပိုင်းသစ်က ယနေ့ည 6:15 pm မှာ လွှင့်မှာဖြစ်သည်။ ဒါက national program တစ်ခုဖြစ်တာကြောင့် အမြင့်ဆုံး rating ရထားပြီး အရည်အချင်းသစ်များကို ရှာဖွေတွေ့ရှိနိုင်သော နေရာတစ်ခုလည်းဖြစ်သည်။

ယနေ့ စိန်ခေါ်လာတဲ့ သူများကို မိတ်ဆက်ပေးတဲ့ အခါမှာ ပရိသတ်အများစုက Nirvana သာ စတုတ္တအကြိမ်မြောက် အောင်ပွဲရလိမ့်မည်ဟု လောင်းကြေးထပ်ထားကြတာကြောင့် သိပ်ပြီး စိတ်မလှုပ်ရှားကြပေ။

သို့သော်လည်း ပထမပြိုင်ပွဲဝင် ထွက်လာသည်နှင့် လူတိုင်း၏ အာရုံစူးစိုက်မှုကို ချက်ချင်းရရှိကာ ပထမဆုံး တိုင်းတာချက်ကို ကြားပြီးတာနဲ့ လူတိုင်းက မှတ်ချက်ကဏ္ဍမှာ ပြင်းပြင်းပြပြ ဝင်ရေးကြတော့သည်။

[ဝါး,အစကတည်းက အားကြီးတဲ့ ပြိုင်ဘက်ပဲ....Nirvana တစ်ယောက်တော့ ဒီနေ့ သူ့ရဲ့ စတုတ္ထမြောက် အနိုင်ရမှုကို လွယ်လွယ်နဲ့ မရဘူးလို့ ငါ ယုံတယ်]

[ငါက အဆိုတော်ရဲ့ မျက်နှာကိုတောင် မမြင်ရပဲသူ့အပေါ် လွယ်လွယ် ကျဆုံးသွားရလောက်အောင် လွယ်ကူတဲ့ မိန်းကလေး တစ်ယောက်လား@@?]

[သူက သေချာပေါက် ကျွမ်းကျင်အဆိုတော်ပဲ!]

မကြာခင်မှာပဲ လူအားလုံးက Black Crane ရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ နစ်မြုပ်ကုန်တာကြောင့် ကောမန့်ပေးနေမှုများက နှေးကွေးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သီချင်းက ပြီးဆုံးသွားကာ Black Crane သည်လည်း စင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

[ဘုရားရေ, ဒီသီချင်းက ငါအကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့အပြင် ဒီတစ်ခုကလည်း ငါကြားဘူးသမျှ cover တွေထဲမှာ အကောင်းဆုံးပဲ! ဒီသီချင်းကို ဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!]

[အဲဒါက ဘယ်သူလဲ? သူ့အကြောင်း တစ်ယောက်ယောက် ငါ့ကိုပြောပြပေးကြပါ ငါသူ့သီချင်းတွေ နားထောင်ချင်လို့ @@]

[ဟုတ်တယ် ငါလည်းသိချင်တယ်! သူဘယ်သူလဲ?]

[.....အမ်း, ငါထင်တာတော့ သူက စုန့်ခယ်လားလို့?]

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now