Arc(4.21)

2.5K 318 24
                                    

Unicode

Arc(4.21)

တရုတ်ပြည်ကို ပြန်ရောက်တာနဲ့ ရှီရှန်းက မုရှုန်းရဲ့ မရေမတွက်နိုင်အောင် များလှသော ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများနှင့် ဗီဒီယိုများအား အင်တာနက်ပေါ် အချိန်ကိုက် တင်လိုက်တာကြောင့် အင်တာနက် အသုံးပြုသူများထံမှ ပက်ပက်စက်စက် ရှုံ့ချခံရပြီး နောက်ဆုံးမှာ အေဂျင်စီမှ ထုတ်ပယ်ခံလိုက်ရသည်။  ဖျော်ဖြေရေးနယ်ပယ်အတွင်းသို့ ဘယ်တော့မှ ထပ်မံ မဝင်ရောက်နိုင်တော့ပေ။

မုရှုန်းက အပေါ်ယံမှာတော့ ပျောက်ကွယ်သွားပုံ ပေါ်သော်လည်း ရှီရှန်းကတော့ ထိုလူ တစ်ခုခု စီစဉ်နေတယ် ဆိုတာအား သိထားသည်။

မျော်လင့်ထားတဲ့အတိုင်းပဲ သိပ်မကြာခင်မှာ ရှီရှန်း ကော်ဇောနီပေါ် လျှောက်နေတဲ့အချိန်တွင် မုရှုန်းက လူအုပ်ကြားမှ ရုတ်တရက် ထွက်လာတော့သည်လေ။ ထိုလူက သူ့မျက်နှာကို ဖျတ်ဆီးချင်တာကြောင့် sulfuric acid နဲ့ ပတ်ခဲ့ပေမယ့်လည်း ရှီရှန်းက အချိန်မှီ ရှောင်လိုက်နိုင်၏။

ထိုကိစ္စကြောင့်လူများအားလုံး အော်ဟစ်ကုန်ကြပြီး မြင်ကွင်းက ဖရိုဖရဲ ဖြစ်ကုန်ရသည်။

မုရှုန်းကတော့ မကြာခင်မှာပင် လုံခြုံရေးများဆီက ထိန်းချုပ်ခံလိုက်ရကာ ပြင်းပြင်းထန်ထန် ရုန်းကန်ရင်းဖြင့် ရှီရှန်း ရှိရာဘက်သို့ လှမ်းအော်နေသည်။

"ငါ့ဘဝ ပျက်စီးသွားတာ အကုန်လုံး မင်းကြောင့်ပဲ! ယဲ့ရှယ်,မင်းက မြင့်မြင့်တက်နိုင်ဖို့အတွက် ဥက္ကဌကောင်းကို မျက်နှာနဲ့ဆွဲဆောင်တဲ့ အရှက်မရှိကောင်! ဒုတိယအကြိမ် ပြန်မွေးဖွားလာပြီးတဲ့အချိန်မှာ ဥက္ကဌကောင်းကို ဆွဲဆောင်နိုင်တဲ့အထိတောင် ဉာဏ်ကောင်းလာလိမ့်မယ်လို့ မထင်ခဲ့မိဘူး ငါမင်းကို တကယ်ပဲ လျော့တွက်ခဲ့မိတာပဲ!"

သတင်းထောက်များသည် စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့၏ကင်မရာများကို အရူးအမူးနှိပ်နေကြသော်လည်း မုရှုန်း၏ စကားကိုကြားသောအခါ တုန်လှုပ်သွားကြသည်။ ပထမတော့ သူတို့ စိတ်လှုပ်ရှားနေကြတာ ဖြစ်ပေမယ့် ပြန်လည်မွေးဖွားခြင်းဟူသော စကားလုံးကို ကြားလိုက်ပြီးနောက် လူတိုင်းက ရူးသွပ်နေသည့် မုရှုန်းအား ထူးဆန်းစွာ ကြည့်နေကြ၏။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now