Arc(2.14) - End

5.4K 788 42
                                    

Unicode

Arc(2.14) - End

ဘယ်လိုပဲဖြစ်နေပါစေရှီရှန်းကတော့သူ့ဆုံးဖြတ်ချက်ကိုနောက်ဆုတ်မှာမဟုတ်တာကြောင့်ခိုင်မာစွာဖြင့်ပင်တင်းမာသောအကြည့်ဖြင့်ကြည့်လိုက်သည်။

"ခင်ဗျားကိုစိတ်ရှုပ်ထွေးအောင်လုပ်တယ်ဆိုပြီးတစ်ခြားသူတွေကျွန်တော့ကိုလက်ညှိုးထိုးလာမှာကိုကျွန်တော်မလိုချင်ဘူး"

ကျုံကျစ်ကလုံးဝတိတ်ဆိတ်သွားသည်။

နောက်တစ်ခွန်းပြန်ပြောနိုင်ဖို့အတွက်အချိန်အနည်းငယ်ပင်ယူလိုက်ရ၏

"ကောင်းပြီ,ကိုယ်သွားမယ်ဒါပေမဲ့မင်းလည်းကိုယ်ပြန်လာမှာကိုစောင့်နေရမယ်"

ရှီရှန်းကခဏမျှရပ်တန့်သွားပြီးနောက်သူ့ကိုတကယ်ပဲကတိပေးလိုက်သည်

"အမ်း"

တစ်ပတ်ကြာပြီးနောက်ကျုံကျစ်ထွက်ခွာသွားသည်။

ပြီးနောက်မှာတော့မြို့တော်ကမည်သည့်စစ်ပွဲမှမရှိသကဲ့သို့တည်ငြိမ်နေလေသည်။

ရွှီးဟွမ့်ရဲ့စီးပွားရေးများကလည်းချောမွေ့အောင်မြင်နေပြီးသူကသူ့အမျိုးသားများရဲ့နေ့စဉ်ဂရုစိုက်ပေးမှုတွေကိုသာယာပျော်ရွှင်နေသည်။

အံ့အားသင့်စရာကောင်းတာကတော့သူမီးဖွားတဲ့နေ့ကကျုံကျစ်ရဲ့မင်္ဂလာဆောင်နေ့နဲ့တစ်ရက်တည်းဖြစ်နေခြင်းပင်။သို့သော်ထိုနေ့မှာသတိုးသားဖြစ်နေရမယ့်ကျုံကျစ်ကတော့နယ်စပ်မှာတိုက်ခိုက်နေရတာကြောင့်လူအများအပြားအားသူ့အပေါ်မှာသနားစိတ်ပိုစေပြီးလေးစားမှုမှတ်တိုင်အသစ်ကိုစိုက်ထူနိုင်သွားသည်။

အောင်ပွဲသတင်းများကတစ်ခုပြီးတစ်ခုရောက်ရှိလာကာသိပ်မကြာခင်ပဲကြီးမြတ်သောဝူကအောင်နိုင်သူဖြစ်သွားလေသည်။

နောက်ဆုံးတော့နှစ်နှစ်ကြာပြီးနောက်မှာကျုံကျစ်ကနိုင်ငံနှစ်ခုကိုဖမ်းဆီးပြီးစစ်ပွဲကိုအဆုံးသတ်လိုက်သည်။

ကျုံကျစ်ကစစ်ပွဲပြီးသည်နှင့်မြို့တော်ကိုတတ်နိုင်သမျှအမြန်ဆုံးပြန်ရောက်ရန်နေ့မနားညမအားခရီးပြင်းနှင်လေ၏။ရှီရှန်းကသူ့ကိုလတိုင်းစာပို့သော်လည်းသူ့ကိုကိုယ်ပိုင်မျက်လုံးနဲ့မမြင်ရမခြင်းစိတ်ချနိုင်မှာမဟုတ်ဘူးဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now