Hidden Scenes
Unicode
#Cut-scene 01—Final scene of Arc 1
ရှီရှန်းကနောက်ဆုံးတော့ စွန့်ပစ်ထားသည့် ဂိုဒေါင်တစ်ခုသို့ ရောက်လာသည်။ မဝင်ခင်မှာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဖုန်းကိုထုတ်ကာ တစ်စုံတစ်ယောက်ကို စာတိုတစ်ခု ပို့လိုက်၏။ ထို့နောက် သူ့ဖုန်းအား ခြုံပုတ်တစ်ခုထဲ ပစ်ထုတ်လိုက်တော့လေသည်။
အားရှန်း : ခင်ဗျားနဲ့တွေ့ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ် ဒါပေမဲ့ ကျွန်တော်အရင် ထွက်သွားနှင့်ပြီ
သူက အချိန်ထပ်မဖြုန်းတော့ပဲ အထဲသို့ အလျင်မလိုစွာပင် လျှောက်ဝင်သွားလိုက်ကာ အသက်ရှုသံအောက်မှာပင် နူးညံ့စွာ တီးတိုးပြောလိုက်သည်။
"နောက်တစ်ခေါက်မှာ ပိုလိမ္မာပါးနပ်ပြီး ခင်ဗျားရဲ့ အချိန်တွေကို မဖြုန်းတီးပစ်မယ့် လူတစ်ယောက်ဆီကိုပဲ ကျဆုံးလိုက်ပါ"
#Cut-scene 02—Final ending of Arc 1
နန်ချီချန်းက ရှီရှန်း၏ အခန်းထဲမှာ အသက်ဝိညာဉ် ကင်းမဲ့စွာ ထိုင်နေသည်။ သူကပန်းရောင် အလှဆင်မှုများ ပြည့်နှက်နေသည့် မိန်းကလေးဆန်လှသော အခန်းအား စိုက်ကြည့်နေရင်းဖြင့် ထိုလူက သူနဲ့မလိုက်ဖက်တဲ့ ဒီအခန်းထဲရောက်တိုင်း ဘယ်လိုပုံမျိုး ဖြစ်နေခဲ့လဲဆိုတာကို တွေးမိကာ မရယ်ပဲ မနေနိုင်တော့ပေ။
ရယ်ရင်းဖြင့်ပင် သူ့အမြင်အာရုံများ မှုန်ဝါးလာကာ မကြာခင်မှာ မျက်ရည်များ ပါးပြင်ပေါ် စီးကျလာရသည်။
ထိုလူ မရှိတော့ဘူး
သူက နှလုံးသားမဲ့စွာနဲ့ သူ့ကို ထားခဲ့ပြီ
သူဘယ်လောက်ပဲ တောင်းပန်တိုးလျှိုးပြီး စောင့်နေပါစေ ထိုသူကတော့ ပြတ်ပြတ်သားသား ထားခဲ့တုန်းပဲ
ထင်ရှီချင်းက သူ့ကိုသတ်နိုင်စွမ်းမရှိဘူးဆိုတာကို ချီချန်းက ရှင်းရှင်းလင်းလင်းသိပြီး ရှီရှန်းဟာလည်း ယန်မင်းကို ကူညီရလောက်အောင်ထိ ကြင်နာတတ်တဲ့သူ မဟုတ်ဘူး ဆိုတာ သူသိသည်။
ဒါပေမဲ့ သူက ထိုသူတို့ကို ဒီအတိုင်း လွှတ်မပေးသေးဘူး
ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူဘယ်လောက်ပဲ အဲ့ဒီလူတွေကို နှိပ်စက်နေပါစေ ထိုလူက ဘယ်တော့မှ ပြန်မလာတော့တဲ့အတွက် သူလည်း ဘယ်တော့မှ ကောင်းမွန်တယ်လို့ မခံစားရတော့ဘူး
YOU ARE READING
အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်း
Randomအခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင့်အရေးမရသေးခင်မှာပဲသူ့ဇာတ်လမ်းတစ်ခုလုံးအား သူကိုယ်တိုင်ပဲဖျက်ဆီးလိုက်လေသည်။ Transmigrator A - သူ့ရဲ့...