Arc(4.14)

2K 390 40
                                    

Unicode

Arc(4.14)

ရှောင်းကျဲ၏ ကိစ္စက ပြေလည်သွားလေပြီ။ ရှီရှန်းက သူ့အား လိုအပ်သမျှ အရာအားလုံးကို ပို့ပေးပြီး နောက်တစ်နေ့မှာတင် B မြို့သို့ ပျံသန်းထွက်ခွာသွားတော့သည်။

သေချာပေါက် ကောင်းချန်ကလည်း ကြောင်ကို သူကိုယ်တိုင် ပြုစုစောင့်ရှောက်ရအောင်ထိ လုံလောက်အောင် အားလပ်မနေတာကြောင့် အချိန်အများစုမှာ ပြုစုစောင့်ရှောက်သူကိုသာ ဂရုစိုက်ခိုင်းထားလိုက်သည်။

သနားစရာကောင်းလောက်အောင်ပဲ ပြုစုစောင့်ရှောက်သူတောင်မှ သူ့လောက် အဲ့ဒီကြောင်ဝတုတ်ရဲ့ ငြင်းဆန်ခြင်း မခံရဘူး။ ထို့ကြောင့် ကောင်းချန်သည် ပြဿနာက သူ့ဆီမှာ ရှိနေတာလားဟုပင် စတင်စဉ်းစားလာမိသည်။ သို့ပေမယ့်လည်း သူနားလည်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတာတောင် အသုံးမဝင်ဘူးလေ။

ရေချိုးခန်းထဲက ထွက်လာပြီးနောက်မှာ ကောင်းချန်က သူ့ဆံပင်အား သဘက်နဲ့ သုတ်နေရင်း ရုတ်တရက်ပင် သူ့အိပ်ယာပေါ်မှာ အိပ်နေသည့် အမွှေးလုံးလေးကို မြင်သွားသည်။.

ခဏတာ ရပ်တန့်သွားပြီးနောက်မှာ ကောင်းချန်ကမျက်မှောင်ကြုတ်မိ၏။

"အိပ်ယာပေါ်မှာ မင်းကို ဘယ်သူက အိပ်ခိုင်းလို့လဲ?"

သူ့အမွှေးတွေနဲ့ အိပ်ယာတစ်ခုလုံး လှည့်ပတ်အိပ်နေတယ်လို့ စဉ်းစားရုံနဲ့တင် ကောင်းချန်ရဲ့ မျက်နှာကို မှောင်မိုက်သွားစေသည်။

သို့ပေမယ့် သူ့ရဲ့ ကြောက်မက်ဖွယ် မျက်နှာနဲ့ ရင်ဆိုင်ရတာတောင် ရှောင်းကျဲက ရိုးရှားစွာပင် အမြီးလေး ယမ်းခါပြပြီး ဆက်အိပ်နေ၏။

ကောင်းချန်သည် ဘာကြောင့်မှန်း မသိသော်လည်း အတိုင်းအတာ တစ်ခုထိ ဒီကြောင်လေးက ပိုင်ရှင်လို ပြုမူနေတယ်ဟု ထင်မိသည်။

သူက ကြောင်အား အိပ်ယာပေါ်ကနေ ယူပြီး ကြောင်အသိုက်ပေါ် ချပေးဖို့ ပြင်နေတဲ့အချိန်မှာပဲ ရုတ်တရက် ဖုန်းမြည်လာ၏။

၎င်းသည် ကြောင်ပိုင်ရှင်ထံမှ Video call ခေါ်လာခြင်းပင်။

ကောင်းချန်က အနည်းငယ်ပင် တုံ့ဆိုင်းမနေပဲ ချက်ချင်းနီးပါး ဖုန်းဖြေတာကြောင့် လဝက်လောက် မမြင်ရသော ရင်နှီးနေသည့် ထူးခြားထင်းလင်းနေသော မျက်နှာလေး ပေါ်လာသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now