Unicode
Arc(1.9)
လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ရှီရှန်းကသူ့ရဲ့ကျောင်းတက်ရက်များ ကိုငြိမ်းချမ်းစွာဖြင့်ကျော်ဖြတ်နေခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကသူနဲ့စကားစ မည်ပြောနိုင်ဖို့နေ့တိုင်းနီးပါးကြိုးစားနေ တာကလွဲရင်ဘာအကြောင်းအရာအသစ် မှမဖြစ်ဘူးဟုပြောနိုင်သည်။
အစပိုင်းမှာတော့သူမကိုဒီအတိုင်းသာ လျစ်လျူရှုထားလိုက်ပြီးသူမရဲ့ နှောင့်ယှက်မှုကများလာတဲ့အချိန်မှာ တော့သူ့ပါးစပ်ကိုဖွင့်ပြီးမောင်းထုတ် ရတော့၏။သို့သော်လည်းယန်မင်းက တော့သူ့ရဲ့အဆိပ်ပြင်းသောလျှာကို ဂရုမစိုက်သကဲ့သို့ပင်သူ့ကိုချိုမြိန်စွာ ပြန်ပြုံးပြတတ်သည်။
ထို့နောက်အဲ့ဒီလိုနဲ့ပဲသူမကသူနဲ့သူငယ်ချင်း ဖြစ်လာပြီးနေသလိုပြုမူလာ၏။ဒါ့အပြင် ကြည့်ရတာယန်မင်းကထင်ရှီချင်းကိုသူ့ဆီ တွန်းပို့ဖို့ဆုံးဖြတ်ချက်ချထားသကဲ့သို့ သူမတတ်နိုင်သမျှနည်းလမ်းအစုံဖြင့် အမြဲတမ်းသူ့ဆီကိုထင်ရှိချင်းအား ဆွဲခေါ်လာပေးတတ်သေးသည်။
ထင်ရှီချင်းအနေနဲ့ကတော့ပုံမှန် အတိုင်းသာမာနထောင်လွှားသည့် ပုံဖြင့်ရှီရှန်း၏ရှေ့တွင်ယန်မင်းနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး သူ့ကရှီရှန်းကိုလုံးဝစိတ်မဝင်စားသော ကြောင့်ဒီအတိုင်းလက်လျှော့လိုက်ဆို သည့်ပုံစံဖြင့်သာနေလေ၏။
ဒီတစ်ချိန်လုံးရှီရှန်းကလည်း သူရှိသည့်ဘက်ကိုတစ်ကြိမ်တစ်ခါ မှပင်မကြည့်ဘူး ပဲနဲ့ဒီယုံကြည်ချက်ကြီးကိုသူဘယ်ကရ လာလဲတော့မသိပေ။
ဒါပေမဲ့ဘာကပိုပြီးပျော်စရာကောင်းနေ တာလဲဆိုတော့ထင်ရှီချင်းကလွဲရင်လူ တိုင်းယန်မင်းပါအပါအဝင်ဒီလင်ယွဲ့ အသစ်ကထင်ရှီချင်းကိုဒီထက်ပိုပြီး လုံးဝစိတ်မဝင်စားတော့ဘူးဆိုတဲ့အ တွေးမျိုးတွေးမိ နေကြတာကိုဖြစ်သည်။
ရှီရှန်းအတွက်ကတော့သူ့ရဲ့ဇာတ်ကွက် ကိုဦးနှောက်ပျက်နေတဲ့သူတစ်ယောက် အနေနဲ့သာစာရင်းသွင်းထားတာကြောင့် ထင်ရှီချင်းရဲ့သရုပ်ဆောင်ကွက်တွေကို သိပ်ပြီးစိတ်အနှောင့်အယှက်ဖြစ်မနေ တော့ပေထို့အပြင်လည်းသူ့မှာကသူ့ ကိုယ်ရေးကိုယ်တာစီးပွားရေးကိစ္စတွေ လည်းလက်ထဲပြည့်နေတာလေ။
YOU ARE READING
အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်း
Randomအခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင့်အရေးမရသေးခင်မှာပဲသူ့ဇာတ်လမ်းတစ်ခုလုံးအား သူကိုယ်တိုင်ပဲဖျက်ဆီးလိုက်လေသည်။ Transmigrator A - သူ့ရဲ့...