Arc(3.12)

2.9K 576 30
                                    

Unicode

Arc(3.12)

မီးဖိုချောင်ထဲတွင်,

"ကောင်စုတ်လေး, ဒီမှာဘာတွေ ဖြစ်နေတာလဲပြောဦးဟ?"

ရှီရှန်းက အသီးအရွက်များ လှီးဖြတ်ကာ အလုပ်ရှုပ်နေရင်းဖြင့်ပင် ခပ်လွင်လွင်လေး ရယ်လိုက်သည်။

"ဘာကိုဆိုလိုတာလဲ?"

"ငါက အရမ်းမထက်မြက်ဘူး ဆိုပေမယ့် မင်းတို့သုံးယောက်ကြားထဲမှာ တစ်ခုခု ဖြစ်နေတာကိုတော့ ခံစားလို့ရပါသေးတယ်!"

ထိုစကားကိုကြားတော့ ရှီရှန်းက မျက်ခုံးမြှင့်ပြီး ရယ်မောလိုက်သော်လည်း မသိ နားမလည်ချင်ယောင် ဆက်ဆောင်နေသည်။

"အဲ့ဒီနှစ်ယောက်က အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ဘုရင်နဲ့ ဘုရင်မ ဖြစ်လာကောင်း ဖြစ်လာလိမ့်မယ်"

ထိုစကားကိုကြားတော့ ဟော်ဖ့်က ထိတ်လန့်တုန်လှုပ် သွားပေမယ့်လည်း အစောတုန်းက ကောင်းကောင်းကြီး ခန့်မှန်းနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ချီးကျူးလိုက်မိသည်။

သို့သော် ကြီးလေးတဲ့ ပြဿနာတစ်ခုကို ရှာတွေ့သွားသည်။

"အရှင့်သားက ဒီလောက် ကြောက်စရာ ကောင်းနေတာ အံ့သြစရာ မရှိတော့ဘူး... သူ့နားမှာ ထိုင်ယုံနဲ့တောင် အေးစိမ့်တာကို ခံစားလို့ရတယ်"

"တစ်အိမ်လုံးကို မီးမရှို့တာတောင် အတော်လေး လုံလောက်နေပြီ" ရှီရှန်းက ခပ်တိုးတိုး ရေရွတ်သည်။

ဒီ side task ကို ပြီးမြောက်စေဖို့အတွက် သူ့ရဲ့ တကယ့်အကျင့်စရိုက်ကနေ အများကြီး ထွက်သွားပေမယ့်လည်း သူလုပ်ခဲ့တဲ့အရာက သူ့အတွက် စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုတာပဲ။

ဟော်ဖ့်ကတော့ ဘာမှမသိသေးတာကြောင့် သူ့သားကို အကြံဉာဏ်များ ဆက်ပေးနေမိသည်။

"ဒီအကြောင်းတွေကို မင်းလည်း သိပြီးသားဆိုမှတော့ သူမအပေါ်မှာ ဘာခံစားချက်မှ မရှိစေနဲ့ ဟုတ်ပြီလား? မင်းရုပ်ရည်နဲ့ဆိုရင် မိန်းကလေး မရှားပါဘူး, အကယ်၍ ဘွဲ့ယူပြီးတာနဲ့ လက်ထပ်ချင်တယ် ဆိုရင်တောင် ငါစိတ်ထဲ မထားဘူး!"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now