Arc(1.1)

12.6K 1.2K 67
                                    

Unicode

Arc(1.1) - ဒီကမ္ဘာကြီးမှာဘယ်လိုရှင်သန်ရမလဲ?အကိုကြီးရဲ့ရွှေပေါင်လုံးကြီးကိုပဲတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလိုက်

သူအခုလက်ရှိရောက်နေသည့်ကောင်လေးနာမည်ကလင်ယွဲ့ဖြစ်ပြီးဒီကမ္ဘာအတွက်တော့ဒီအတိုင်းသေးငယ်တဲ့အမြှောက်စာအဖြည့်ခံလေးတစ်ယောက်သာဖြစ်၏။

ဒီကမ္ဘာကြီးကသူ့ကိုယ်ပိုင်ကမ္ဘာနဲ့အတိအကျတူညီလုနီးပါးရှိပေမဲ့လည်းနည်းပညာနှင့်ပတ်သတ်ရင်တော့သူ့ကိုယ်ပိုင်ကမ္ဘာနဲ့ယှဉ်ရင်အနည်းငယ်နောက်ကျနေသေးသည်။

ဇာတ်ကြောင်းကတော့ဖန်တရာတေနေသည့်ပုံစံအတိုင်းချောမောခန့်ညားပြီးဘာကိုမှစိတ်ဝင်စားမှုမရှိတဲ့စီးပွားရေးသမားတစ်ယောက်ကသူ့ထက်အသက်ခုနှစ်နှစ်ငယ်တဲ့စင်ကြယ်ပြီးရိုးသားတဲ့မိန်းကလေးအပေါ်မှာချစ်ခင်သွားမိတယ်ဆိုတဲ့အတိုင်းနန်ချီချန်းကသူ့ကိုအကြိမ်ပေါင်းများစွာငြင်းဆန်ခဲ့တဲ့ယန်မင်းကိုသူမသူ့အပေါ်မှာပြန်ချစ်လာပြီလို့ဝန်ခံတဲ့အထိလိုက်လံဖမ်းဆီးဖို့ကြိုးစားသည့်အကြောင်းအရာပဲဖြစ်သည်။

အခြေခံအားဖြင့်တော့ဒါကဒီကမ္ဘာရဲ့ဇာတ်ကြောင်းနဲ့ပတ်သတ်ပြီးရှီရှန်းအနှစ်ချုပ်ကြည့်လိုက်ခြင်းသာ။

လင်ယွဲ့အတွက်ကတော့သူကသူ့ကိုယ်သူထိခိုက်အောင်လုပ်ယုံကလွဲရင်ဇာတ်လိုက်တွေကိုထိုခိုက်အောင်လုံးဝကိုမလုပ်ခဲ့သောကြောင့်ရှီရှန်းကသူ့ကိုဗီလိန်အဖြစ်ပင်မသတ်မှတ်ပေ။

လင်ယွဲ့အသက်ကိုးနှစ်အရွယ်တွင်သူ့မိဘများမှာကားမတော်တဆမှုဖြင့်သေဆုံးခဲ့ပြီးနန်ချီချန်း၏မိဘများဖြစ်သည့်နန်လင်မယားကသူ့ကိုထိုအချိန်မှစ၍သူတို့အိမ်သို့ခေါ်ဆောင်လာကာမွေးမြူခဲ့သည်။

နန်လင်မယားကလင်ယွဲ့၏မိဘများနှင့်ရင်းနှီးသောကြောင့်သူ့ကိုမွေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးသူအသက်(၁၈)နှစ်မပြည့်မခြင်းသူ့အမွေများအားထိန်းသိမ်းပေးခဲ့သည်။

သူ့အသက်(၁၈)နှစ်ပြည့်သည့်အခါတွင်တော့နန်လင်မယားနဲ့ပဲဆက်နေမလားသူ့ဘာသာသူနေမလားကိုရွေးချယ်ခွင့်ရှိမှာဖြစ်သော်လည်းဝမ်းနည်းစရာကောင်းစွာဖြင့်သူကအဲ့ဒီလောက်အသက်မရှည်ခဲ့ပေ။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now