Arc(4.20)

1.7K 313 23
                                    

Unicode

Arc (4.20)

မေ့လျော့ခံမိဖုရားက သံသယဝင်စရာ မလိုအောင်ပင် အောင်မြင်သည့် crossdress ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပြီး တစ်နှစ်တာရဲ့ အပြောအများဆုံး ဖြစ်ခဲ့သည်။ ဇာတ်ညွှန်းရေးဆရာ အသစ်ဖြစ်သည့် ကုရှန်းရဲ့ နာမည်သည်ပင် မြင့်တက်လာရ၏။

ထိုအချိန်မှာ US ရောက်နေသည့် ဟဲရှို့သည် နှစ်ယောက်လုံးအား  ချီးကျူးဂုဏ်ပြုရန် အမြန်ဖုန်းဆက်ကာ သူ့အကြောင်း သတင်းကောင်းကိုလည်း ပြောပြခဲ့သည်။

သူတို့အဖွဲ့ကို ဖျက်သိမ်းပြီးနောက်မှာ ဟဲရှို့က ယဲ့ရှယ်ရဲ့ စကားကို ယူဆောင်ပြီး နိုင်ငံတကာတွင် ပွဲဦးထွက်ရန် ကံစမ်းဖို့ ကြိုးစားခဲ့ကာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ဖြည်းဖြည်းချင်း ကျော်ကြားလာနေသော အသစ်တည်ဆောက်ထားသော ကုမ္ပဏီတစ်ခုမှ သူ၏ audition ကို လက်ခံခဲ့သည်။

သေချာပေါက် ပွဲဦးမထွက်ခင်တော့ အချိန်အတိုင်းအတာ တစ်ခုထိ လေ့ကျင့်ပြီးမှ ပွဲဦးထွက်လို့ ရမှာပေါ့။ အခုမှာတော့ နောက်ဆုံးသူက ကုမ္ပဏီက သတ်မှတ်ထားတဲ့ အကဲဖြတ်မှုကို အောင်မြင်သွားလို့ မကြာခင် ပွဲဦးထွက်နိုင်တော့မယ်!

သူက သူ့စကားကို မမေ့ခဲ့ပဲ 'ရှယ်' ဆိုတဲ့ နာမည်နဲ့ ပွဲဦးထွက်ခဲ့သည်။ နှစ်တွေကြာမြင့်လာပြီးနောက်မှာ တစ်ခြားသူတွေက သူ့ကို ဘာလို့ 'ရှို့' ဆိုတဲ့ နာမည်အစား 'ရှယ်' ဆိုတာကို သုံးခဲ့တာလဲလို့ မကြာခဏ မေးလာကြသည်။

အစတုန်းကဆို စာလုံးပေါင်း မှားတာလား? ဟုပင် ဟာသပြောခဲ့၏။

ဟဲရှို့ကတော့ ရယ်မောရင်းဖြင့်သာ အမှန်ကို ပြောပြခဲ့သည်.

'ရှယ်'ဆိုတာ သူ့ကျေးဇူးရှင်ရဲ့ နာမည်ပဲ။

သူ့အကြံပေးချက်သာ မရှိခဲ့ဘူးဆိုရင် သူ့တိုင်းပြည်မှာ ကောင်းကောင်းမလုပ်နိုင်ပေမဲ့ တခြားနိုင်ငံကို ခြေချဖို့ ဘယ်တော့မှ စိတ်ကူးယဉ်မိမှာ မဟုတ်ဘူး။

ဂီတသမားတစ်ယောက်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကိုလည်း ဆက်ပြီး အကောင်အထည်ဖော်နိုင်မှာ မဟုတ်ခဲ့ဘူး။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now