Arc(4.19-1)

1.5K 288 20
                                    

Unicode

Arc(4.19-1)

ထိုအချိန် အတောအတွင်းမှာ ကောင်းချန်က coffee trucks များအား သူ့ရဲ့ ရိုက်ကူးရေးနေရာသို့ တက်ကြွစွာ ပို့ဆောင်ခဲ့ပြီး အဖွဲ့သားများအတွက် နေ့လယ်စာ မကြာခဏ ဝယ်ယူပေးခဲ့သည်။ ရှီရှန်း အားလပ်သည့် အချိန်တိုင်းမှာလည်း ကောင်းချန်က သူ့ကို အတူတူထမင်းစားခိုင်းလေသည်။

တိုးတက်မှုက နှေးကွေးပြီး တည်ငြိမ်နေသည်။

သိပ်မကြာခင်မှာပဲ 'မေ့လျော့ခံ မိဖုရား' ၏ အပိုင်း(၁)အား စတင်ပြသတော့သည်။ သူတို့မှာ ရန်ပုံငွေအလုံအလောက်ရှိတာကြောင့် ဒါရိုက်တာက လူကြည့်များသည့် ရွှေအချိန်ကိုပင် ရအောင် လုပ်နိုင်ခဲ့ပြီး ပရိုမိုးရှင်းကိုလည်း ခမ်းနားစွာ လုပ်ဆောင်ခဲ့သည်။

အပိုင်း (၁) သည် သက်ဝင်လှုပ်ရှားနေသော ရွာလေးတစ်ရွာ၏ ရိုက်ချက်ဖြင့် စတင်ခဲ့ပြီး လမ်းများပေါ်တွင် ဈေးသည်များ ပြည့်နှက်နေကာ ရွာသားများက အလုပ်ရှုပ်နေကြသည်။ လူစည်ကားသော လမ်းနှင့် သိပ်မဝေးသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် ရိုးရိုးအဝတ်အစားဝတ်ထားသော အဘိုးအိုတစ်ဦး ထိုင်နေပြီး သူ့ပုံစံက ဆန်းကြယ်သောလေထုဖြင့် သပ်သပ် ရပ်ရပ် ဖြစ်နေ၏။

မကြာခင်မှာဘဲ ယောက်ျားလေးတစုက ကောင်မလေးတယောက်ကို လှောင်ပြောင်ရယ်မောရင်း ပျော်ရွှင်စွာ ပြေးလာကြသည်။

လူအိုကြီးက မျက်မှောင်ဖွဖွ ကြုတ်၍ သူတို့အား မောင်းထုတ်လိုက်၏။ သူက ခေါင်းစည်းကြိုးအား ကောက်ယူလိုက်ပြီး ကောင်မလေးအား လှမ်းပေးလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘိုး, အင့်..."

အဖိုးအိုက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချသည်။

"မငိုနဲ့တော့ အိမ်ကိုပြန်တော့"

သူ့စကားကို ကြားတော့ ကောင်မလေးက ခေါင်းခါပြသည်။

"သမီး မပြန်ချင်ဘူး"

အဖိုးအိုက မေးသည်။

"ဘာလို့လဲ?"

"ဘာဖြစ်လို့လဲ ဆိုတော့ သမီးရဲ့ အစ်ကိုတွေက သမီးကို ထပ်ပြီး အနိုင်ကျင့်ကြလိမ့်မယ်, သမီးက မိန်းကလေးဆိုတော့ သမီးရဲ့ မိဘတွေက သမီးကို ဂရုမစိုက်ကြဘူး"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now