Arc(1.17)

5.9K 878 32
                                    

Unicode

Arc(1.17)

ရှီရှန်းကစာရွက်ကိုတစ်ဖြည်းဖြည်းချင်းလှန်လှောနေရင်းကော်ဖီကိုစိန်ပြေနပြေသောက်နေသည်။မိနစ်အနည်းငယ်ကြာပြီးနောက်လူတစ်ယောက်ကသူ့ရှေ့တွင်ဝင်ထိုင်လိုက်လေ၏။

ရှဟိုကရှီရှန်းသူ့ကိုနှုတ်ဆက်သည်အားစောင့်မနေပဲအရင်စပြောလိုက်သည်။

"ဟေး..မင်းမနေ့ထဲကရောက်တာငါ့ကိုဘာလို့မပြောတာလဲ?" သူကအနည်းငယ်မမျှတသလိုခံစားရသောကြောင့်မကျေမနပ်မေးလေသည်။

အကယ်၍ဒါကလွန်ခဲ့တဲ့လေးနှစ်ကဆိုရင်တော့သူဘာမှပြောမှာမဟုတ်ပေမယ့်အခုတော့သူတို့ကအကောင်းဆုံးသူငယ်ချင်းတွေလို့ပြောနိုင်တယ်လေ။

ဒါပေမဲ့ဒီလူကသူပြန်လာတာကိုတောင်သူ့ကိုလုံးဝမပြောဘူး!

အပြင်အလှန်အားဖြင့်ရှီရှန်းကသူ့ကိုဒီအတိုင်းအေးစက်စွာသာကြည့်လိုက်ပြီးနှာခေါင်းရှုံလိုက်သည်။

"ဘာလဲ?မင်းကကြော်ညာဘုတ်ကြီးကိုင်ပြီးငါ့ကိုလေဆိပ်မှာလာကြိုမှာလား?"

ရှဟိုကသူ့ကိုမင်း'celebrity ရောဂါ'ရနေတာလားလို့လှောင်ပြောင်လိုက်ချင်သော်လည်းနောက်တစ်ခါထပ်စဉ်းစားလိုက်တဲ့အခါကျတော့အကယ်၍သူပြန်လာတယ်ဆိုတဲ့သတင်းသာပေါက်ကြားသွားရင်မီဒီယာတွေကိုဆွဲဆောင်လိုက်နိုင်မှာတော့အသေအချာပဲဖြစ်သည်လေ။

သူတကယ်တော့အမျိုးသားတစ်ယောက်အနေနဲ့ဒီလိုစိတ်အခြေအနေရှိတဲ့သူကပန်းချီလိုအနုပညာမျိုးမှာထူးချွန်တဲ့သူဖြစ်နေမယ်လို့တစ်ခါမှမမျှော်လင့်ခဲ့မိဘူး!

သူ့ရဲ့ရှုပ်ထွေးနေသည့်အကြည့်ကိုမြင်သောအခါရှှိရှန်းကသူတို့ရဲ့စကားကိုပြန်ဆက်တဲ့သူဖြစ်သွားရသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...မင်းကုမ္ပဏီမှာပြဿနာတစ်ခုခုရှိနေသေးလား?"

ထိုအကြောင်းအရာမှာတော့ရှဟိုကချက်ချင်းပင်စိတ်လှုပ်ရှားနေတဲ့သူအဖြစ်ပြောင်းလဲသွားခဲ့ပြီးသူ့အားသတင်းကောင်းကိုအလျင်အမြန်ပင်ပြောလေသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now