Arc(4.5)

2.3K 451 43
                                    

Unicode

Arc(4.5)

ယဲ့ရှယ်၏ profile ကိုပိုပြီးကြည့်မိလေလေ ယွီယွမ်ရဲ့ မျက်ခုံးများက ပိုမိုတွန့်ချိုးလာလေလေပင်။

ပြောင်မြောက်တဲ့ စွမ်းဆောင်မှု ဒါမှမဟုတ် တစ်ခုတည်းသော ကျွမ်းကျင်မှုလိုမျိုးတွေ တစ်ခုမျှ မရှိဘူး

ဒီမျက်နှာလေး တစ်ခုတည်းနဲ့တင် ဒီနယ်ပယ်အတွင်း လွတ်လွတ်လပ်လပ် စွန့်စားနိုင်တာ မှန်ပေမယ့်လည်း သူ့ကိုတာဝန်ယူဖို့  သူမကို တာဝန်ပေးလာတာကတော့ အနည်းငယ် ဆွံ့အမိသည်။

သူက မော်ဒယ်တစ်ယောက်ပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား? ဒီနမူနာ ဓာတ်ပုံထဲမှာတော့ တော်တော်လေး ကောင်းကောင်းလုပ်ထားပါတယ်

သရုပ်ဆောင်အတွက်ကတော့.... ပရိုမိုးရှင်း video လောက်နဲ့က သူ့သရုပ်ဆောင်မှုကို ကောင်းကောင်း သက်သေမပြနိုင်တဲ့အတွက် သိပ်တော့မသေချာဘူး

ဒီလူက ဥက္ကဌကို သူ့မျက်နှာလေးနဲ့ ဆွဲဆောင်ပြီး နောက်တံခါးက ဝင်လာတာများလား?

သို့ပေမယ့် ထိုအတွေးအား ချက်ချင်းဖယ်ရှားလိုက်သည်။ သူက ဘယ်လောက်ပဲ လှပနေပါစေ ယောကျာ်းလေးတစ်ယောက်ပဲ ဖြစ်နေသေးသည်လေ။ ပြီးတော့ ဥက္ကဌကောင်းက ထိုလမ်းဘက်ကို လွဲသွားလိမ့်မယ်လို့လည်း မထင်မိဘူး

အဆုံးမှာတော့ အကဲဖြတ်မှု မလုပ်ခင်မှာ လူချင်းအရင်တွေ့ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ထို့ကြောင့် ယွီယွမ်က မနက်ဖြန်ရောက်တော့ ပေးထားတဲ့ လိပ်စာအတိုင်း အသစ်လေးကို သွားကြိုလေသည်။

သူမက သူမရဲ့ အချိန်စာရင်းကို စစ်ဆေးနေတဲ့အချိန်မှာ ပြတင်းပေါက်ကနေ နူးညံ့တဲ့ တံခါးခေါက်သံလေးတစ်ချက် ထွက်ပေါ်လာ၏။

ယွီယွမ်က အပြင်ဘက်ကို လှည့်ကြည့်လိုက်သောအခါ ချက်ချင်းပင် အလွန်အကျူးလှပတဲ့ မျက်နှာလေးနဲ့ တွေ့ဆုံလိုက်ရသည်။

ကောင်းပြီ, သူမစကားကို ပြန်ရုတ်သိမ်းတယ်, ကြည့်ရတာ သူတကယ်ပဲ သူမရဲ့ သူဌေးကို ကွေးအောင် လုပ်နိုင်ပုံပေါ်တယ်

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now