Arc(3.8)

3K 645 37
                                    

Unicode

Arc(3.8)

ရှီရှန်းကအမျိုးသမီးဇာတ်လိုက်ရှိတဲ့နေရာကိုတစ်ချက်တောင်လှည့်မကြည့်တာကိုမြင်သောကြောင့်ဟီထျန်းကစိုးရိမ်ပူပန်စွာနဲ့မေးလာသည်။

[မင်းကံတရားကြောင့်တွေ့ဆုံခြင်းတွေဘာတွေသွားမလုပ်ဘူးလား?]

ရိုးရိုးသားသားပြောရရင်ရှီရှန်းကတစ်စုံတစ်ယောက်ကိုလိုက်တာသူတစ်ခါမှမတွေ့ဘူးတာကြောင့်ထိုလူ့အစားစိတ်မရှည်နိုင်ဖြစ်နေရသည်။

တစ်ခြားတစ်ဖက်မှာတော့ရှီရှန်းကမျက်ခုံးကိုမြှင့်လိုက်ပြီးဒေါသတကြီးထပြောသည်။

[Drama တွေကြည့်တာရပ်လိုက်တော့]

ဟီထျန်း,''......'' 

ငါကြည့်ဘူးသမျှ Drama တိုင်းကမင်းဝင်ပြီးသရုပ်ဆောင်ထားတာတွေကြီးပဲလို့ပြောလိုက်ချင်တယ်!

ငါ့မှာတစ်ချိန်လုံးအတင်းအကြပ်ဖိအားပေးခံရပြီးကြည့်နေရတာကွ,ဟုတ်ပြီလား!

ဒီလူရဲ့ကမ္ဘာမှာတုန်းကကံတရားအရတွေ့ဆုံခြင်းဆိုတာမျိုးတွေကိုအကြိမ်ဘယ်လောက်တောင်လုပ်မိလဲရေတွက်လို့တောင်မရတော့ဘူး!

သူ့ရဲ့ဒေါသတစ်ကြီးဖြစ်နေမှုကိုလစ်လျူရှုပြီးရှီရှန်းကတစ်ခြားမေးခွန်းသာမေးသည်။

[side task မရှိဘူးပေါ့]

ဟီထျန်းကပြန်တည်ငြိမ်သွားပြီးလေးနက်တဲ့အသံနဲ့ဖြေလာသည်။

[ဟုတ်တယ်,အဲ့ဒါထူးဆန်းတယ်..ပုံမှန်ဆိုရင်အခုချိန်မှာမင်းတစ်ခုနှစ်ခုလောက်တော့ရသင့်နေပြီ]

ရှီရှန်းကအနည်းငယ်တိတ်ဆိတ်သွားပြီးနောက်သူ့အမြင်ကိုဖြေးညှင်းစွာထုတ်ဖော်ပြောသည်။

[ဒါကငါ့ရဲ့သီအိုရီပဲရှိသေးတယ်,ဒါပေမဲ့ကြည့်ရတာ side task တွေကသူနဲ့သက်ဆိုင်နေမယ်ထင်တယ်]

ဟီထျန်းကချက်ချင်းငြင်းပယ်သည်။

[မဖြစ်နိုင်ဘူးမှတ်လား?အရင်ကမ္ဘာမှာတုန်းက task အများစုကရွှီးဟွမ့်နဲ့ပတ်သတ်တာတွေကြီးပဲဟာကို]

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now