Unicode
Arc(3.17)
ကူးပြောင်းရေးအဆောင်က အလုပ်မလုပ်တဲ့ တစ်ခဏမှာပဲ အာတီမစ်က နောက်ထပ် ကိုသြဒီနိတ်တစ်ခုကို ချက်ချင်းပြောင်းလဲလိုက်ပြီး နောက်တစ်ခေါက်သူ ပြန်ပေါ်လာတဲ့အချိန်မှာတော့ သူ့ Mana ကို ချက်ချင်းအရှိန်မြင့်ကာ အသုံးချလိုက်သည်။
ခဏလောက် သွားပြီးနောက် နောက်ဆုံးမှာ ကူးပြောင်းရေးအဆောင် အလုပ်မလုပ်ရတဲ့ အကြောင်းအရင်းဖြစ်သော မြင်နေရသည့် ခဲရောင်ဖျော့ဖျော့ အတားအဆီးတစ်ခုရှေ့မှာ မတ်တပ်ရပ်မိလေသည်။
ထိုအတားအဆီးမျိုးက ဖျတ်ဆိးနိုင်ရန် အဆင့်မြင့် မှော်ပညာရှင် အနည်းဆုံး လေးဦးလိုအပ်သော်လည်း လက်ရှိမှာ အာတီမစ်အနေနဲ့ သူတို့ကိုရှာဖို့ အချိန်မရှိပေ။
မဆိုင်းမတွပင် သူ့လက်ညှိုးကို ကိုက်လိုက်ပြီး သူ့ရဲ့သွေးအား ကြားခံအဖြစ် အသုံးချ၍ အတားအဆီးပေါ်တွင် ရှုပ်ထွေးသော မှော်စာလုံး များအား စတင်ရေးဆွဲတော့၏။ မှော်စာလုံးများ ရေးလို့ ပြီးစီးသွားသောအခါမှာ သူ့ညာဘက်လက်ဖဝါးအား အပေါ်သို့ တင်လိုက်ပြီး သူ့ Mana ကို စာလုံးထဲသို့ ချက်ချင်းထိုးသွင်းလိုက်သည်။
သူ့လက်ဖဝါးအောက်က ဧရိယာက သူ့ Mana ကိုစာလုံးထဲသို့ပိုပြီး ထိုးသွင်းလေလေ ပိုလို့တောက်ပလာလေလေ ဖြစ်လာပြီး မကြာခင်မှာပဲ အက်ကွဲကြောင်း တစ်ခုပေါ်လာကာ တောတွင်းတစ်လျှောက် ပဲ့တင်သွားသည့် ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
အာတီမစ်ရဲ့ လက်များက သိသိသာသာ တုန်ယင်နေပြီး သူ့မျက်နှာကတော့ လုံးဝကို သွေးမရှိတော့ပေ။ သွေးများက သူ့ရဲ့ ဖြူဖျော့ဖျော့ နှုတ်ခမ်းမှတစ်ဆင့် သူ့မေးစေ့ပေါ်ထိ ကျဆင်းလာသော်လည်း မျက်နှာသေဖြင့်သာ သုတ်လိုက်ပြီး အထဲကို တိုးဝင်သွားလိုက်သည်။
သူက မှော်ပညာအား သုံးပြီး ရှီရှန်းရဲ့တည်နေရာကို ရှာဖွေဖို့ ကြိုးစားပေမယ့် ဘယ်လောက်ပဲ အာရုံခံကြည့်ပါစေ အကျိုးမရှိဖြစ်နေသည်။ သူနဲ့လက်စွပ်ကြားထဲက အကွာအဝေးက ကန့်သတ်ချက်ထက် ကျော်လွန်နေသလိုပဲ...
YOU ARE READING
အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်း
Randomအခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင့်အရေးမရသေးခင်မှာပဲသူ့ဇာတ်လမ်းတစ်ခုလုံးအား သူကိုယ်တိုင်ပဲဖျက်ဆီးလိုက်လေသည်။ Transmigrator A - သူ့ရဲ့...