Arc(2.1)

7.6K 925 55
                                    

Unicode

Arc 2

"ဒီကမ္ဘာမှာဘယ်လိုရှင်သန်ရမလဲ: ပါရမီရှင်ကြာပန်းဖြူလေးဖြစ်လိုက်"

ရှီရှန်းမှာသူ့မျက်လုံးကိုမဖွင့်နိုင်ခင် မှာပင်ပြင်းထန်လှသည့်ဆေးနံ့က သူ့နှာခေါင်းထဲချက်ချင်းတိုးဝင်လာသည်။

သူ့မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါသူ့ရဲ့ရှည်လျား သည့်မျက်တောင်များကအနည်း ငယ်တုန်ယင်သွားလေသည်။

ပထမဆုံးသူမြင်သည့်အရာက နက်ညိုရောင်သစ်သားဖြစ်ကာ ပတ်ပတ်လည်ကိုကြည့်လိုက် သည့်အခါမှာတော့သူကညောင်စောင်း အိပ်ယာပေါ်မှာလဲလျောင်းနေသည် ကိုယူဆလို့ရသွားသည်။ထို့နောက် ရှီရှန်းကသူ့အကြည့်အားအခန်း တစ်လျှောက်သို့ရွှေ့လိုက်သည်။

အဲ့ဒီတော့ဒီတစ်ခေါက်က မတူညီတဲ့ခေတ်ပေါ့...

သူကတည်ငြိမ်စွာဖြင့်သူ့အကြည့် ကိုပြန်သိမ်းလိုက်ကာမူလကိုယ်၏ မှတ်ဉာဏ်နှင့်သူ့ကိုပို့ပေးမည့် ဇာတ်ကြောင်းကိုစောင့်နေလိုက်သည်။

သိပ်မကြာခင်တွင်ရှည်လျားသည့် ဒေတာအဖွဲ့အစည်းကသူ့စိတ်ထဲသို့ လျင်မြန်စွာဖြတ်သန်းဝင်ရောက်လာ၏။

ဒီတစ်ခေါက်တော့ဒါကDanmei စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်နေ သည်။ဒီဇာတ်လမ်းကကြီးမြတ်တဲ့ ဝူမင်းဆက်ဟုခေါ်သည့်ရှေးဟောင်း ခေတ်တစ်ခုနှင့်တည်ဆောက်ထား ခြင်းဖြစ်၏။

(T/N - Danmei= Yaoi)

ဒီကမ္ဘာနှင့်ပတ်သတ်သည့်ထူးခြား သည့်အကြောင်းကဒီနေရာမှာ အမျိုးသမီးဆိုတာမရှိပဲအမျိုးသား နှင့်ကောဟုခေါ်သည့်ကိုယ်ဝန်ဆောင် နိုင်သောအမျိုးသားများသာရှိသည်။

ဇာတ်လိုက်ကမော်ဒန်ခေတ်မှ စားဖိုမှုးတစ်ယောက်ဖြစ်သော် လည်းလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရပြီးရွှီးအိမ်တော်၏့နှစ် သက်မှုမခံရသောကိုယ်လုပ်တော် ရဲ့ကလေးကိုယ်ထဲသို့ကူးပြောင်းခဲ့ သည့်ရွှီးဟွမ့်ဖြစ်သည်။

ကျန်တဲ့ဇာတ်ကြောင်းများကတော့ သူဘယ်လိုမျိုးသူ့ကိုမှားယွင်းခဲ့သူ များအားမျက်နှာဖြတ်ရိုက်သလဲ ဆိုတာနဲ့သူ့ရဲ့ဆွဲဆောင်မှုဖြင့်မောင်းမ ဆောင်ကြီးဘယ်လိုတည်ဆောက်လဲ ဆိုတာပဲဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now