Arc(3.10)

2.9K 630 54
                                    

Unicode

Arc(3.10)

ဟီထျန်းက ဟက်ဟက်ပက်ပက် ရယ်သည်။

[ကံတရားရဲ့ ရိုက်ခတ်မှုက အတော်လေးမြန်ဆန်တာပဲ!]

[အချက်အလက်တွေအတွက်, ဒီတစ်ခေါက် side task ကpoint 200]

ဆိုလိုတာကတော့ သူဒါကို လက်လွှတ်လိုက်ရင် အမှတ်(၂၀၀)နှုတ်ခံရမည်။ side task တွေက လက်ရှိတစ်ခု မပြီးမချင်း နောက်တစ်ခုမလာဘူးဆိုတာကို ထည့်မပြောနဲ့ဦး, အဲ့ဒီတော့ရှီရှန်းအနေနဲ့ လိုက်နာယုံမှ တစ်ပါးတစ်ခြားရွေးစရာမရှိပြီ။

ရှီရှန်းသည်လည်း ထိုအကြောင်းအရင်းကို နားလည်တာကြောင့် တစ်ဖက်လူအား သူဆက်ပြောမယ့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"ငါတို့အခန်းမှာ သွားပြောကြတာပေါ့"

ထို့နောက်သူက အမျိုးသမီး ဇာတ်လိုက်ဘက်သို့ တောင်းပန်ဟန် လှည့်ကြည့်လိုက်၍ အမျိုးသားဇာတ်လိုက်၏ လက်ကောက်ဝတ်အား ကိုင်ကာ ဆွဲထုတ်သွားလိုက်တော့သည်။

အာတီမစ်ရဲ့မျက်နှာပေါ်မှာ မကျေမနပ်ဖြစ်မှု ကျန်ရှိနေသေးသော်လည်း သူ့လက်ကိုတော့ တစ်ဖက်လူရဲ့ ဆုပ်ကိုင်မှုကနေ ရုန်းမထွက်ပဲ တိတ်တဆိတ်သာ နောက်ကလိုက်ပါသွားသည်။

သူ့လက်ကောက်ဝတ်ပေါ်က လှပတဲ့ လက်လေးကို ငုံ့ကြည့်ရင်း  ဒီတူညီတဲ့ လက်နဲ့ ပထမဆုံးအကြိမ် ထိတွေ့ခဲ့ရတာကို ပြန်သတိရမိ၏။

အဲ့ဒီတုန်းကတော့ ဖြူဖွေးပြီး နူညံ့ပေမယ့် အခုတော့ ပိုပြီးအရွယ်အစား ကြီးလာတဲ့အပြင် နေ့တိုင်း ဓားရေးလေ့ကျင့်တာကြောင့် အသားမာများ ပြည့်နှက်နေပြီဖြစ်သည်။

အတိတ်တုန်းကတော့, ဒီလူ့ဘေးမှာ သူတစ်ယောက်ပဲ ရှိခဲ့ပေမယ့် အခုတော့ လူတွေအများကြီး ဝန်းရံနေပြီ။

အနာဂတ်မှာရော သူ့ဘေးကနေ ထွက်သွားမှာများလား?

တစ်ဖက်လူဆီက ဘာစကားသံမှ မကြားရတာကြောင့် ရှီရှန်းက နောက်ဆုံးတော့ လှည့်ကြည့်လိုက်မိပြီး ထိုလူက သူ့လက်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now