Arc(1.18)

8.3K 987 37
                                    

Unicode

Arc(1.18)

လွန်ခဲ့တဲ့တစ်လလောက်ကယန်မင်းသူ့ ကိုလာရှာခဲ့ပြီးငွေအမောင့်တော်တော် များများပေးခဲ့ကာသူမရဲ့မိဘများက သူ့ဆီချဉ်းကပ်ခွင့်အားတားမြစ်ထား ကြသောကြောင့်အခုမှသူ့ကိုရှာဖို့လာ နိုင်တယ်လို့ပြောခဲ့သည်။

သေချာပေါက်သူမရဲ့စကားကိုသူ သံသယဝင်တာပေါ့ဒါပေမဲ့သူနေစရာ ရှာတွေ့ခဲ့တာနဲ့သူမလာမတွေ့ခင် သိပ်မကြာလိုက်ပဲအလုပ်ရခဲ့တာကို ပြန်စဉ်းစားလိုက်တော့သူမတကယ့် ကိုရိုးသားပြီးသူ့ကိုအမှောင်ထဲက တကယ်ကူညီနေမှန်းသိခဲ့ရသည်။

သူသိတယ်လေ...သူ့မင်းအာက နှလုံးသားမမဲ့ဘူးဆိုတာ...ပြီးတော့သူ့ ရဲ့လှပတဲ့နတ်သမီးလေးဖြစ်နေဆဲပဲ...

ထိုအချိန်မှစပြီးသူမကသူ့ကိုမကြာခဏ လာရှာခဲ့ပြီးမနေ့ကလေးမှသူမရဲ့အဖေ ကသူမကိုသံသယဝင်နေပြီဖြစ်တာ ကြောင့်သူမထပ်ပြီးမကူညီနိုင်တော့ဘူး လို့ပြောလာခဲ့သည်။

ထို့နောက်သူမကတွန့်ဆုတ်စွာဖြင့် သူ့ကိုအကြံပေးလာခဲ့သည်လေ။

လင်ယွဲ့ကိုချဉ်းကပ်ခြင်းကသူ့ပြဿနာ တွေကိုဖြေရှင်းနိုင်လိမ့်မည်ဟု...

သူမပြောချက်အရသူမကသူနဲ့နီးကပ် နေဆဲဖြစ်တာကြောင့်လင်ယွဲ့သူ့အပေါ် ချစ်နေဆဲဆိုတာသူမသိသည်ဟု...သူ့ကို လိုက်တဲ့အချိန်မှာစိတ်ရင်းမှန်ကိုပြနေသ ၍သူ့မှာအောင်မြင်နိုင်မယ့်အခွင့်အေ ေးတော်တော်လေးများသည်ဟုပင် ပြောခဲ့သည်။

ဒီနေ့လင်ယွဲ့ရှိနေမယ့်နေရာကပါ သူမပြောခဲ့ခြင်းပင်။

ပွင့်ပွင့်လင်းလင်းပြောရရင်သူမပေါ်မှာ ရှိတဲ့သူ့ရဲ့ယုံကြည်မှုကသူခက်ခဲတဲ့ အချိန်ဖြစ်နေတာကိုသိတာတောင်သူမ သူ့ကိုလုံးဝပြန်မကြည့်ပေးခဲ့ဘူးဆိုတဲ့ အချက်ကြောင့်တော်တော်လေးယိမ်း ယိုင်နေခဲ့ပြီးသားပင်ဒါ့အပြင်သူလင်ယွဲ့ ကိုမကြိုက်ပေမယ့်သူ့ရဲ့ကိုယ်ကျင့်တရား အရသူ့ကိုလှည့်စားဖို့မကြိုးစားသင့်ဘူး ဆိုတာသူသိသည်။

ဒါကလင်ယွဲ့အစောတုန်းကပြန်ပြော လိုက်တဲ့စကားပေါ်မှာသူစိတ်ရှုပ်ထွေး သွားရသည့်အကြောင်းပြချက်ပင်ဖြစ် ပြီးသူမသိလိုက်ခင်မှာပင်သူ့သူဌေးကို သူဖုန်းခေါ်ပြီးနေပြီ။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now