Arc(1.16)

5.7K 887 29
                                    

Unicode

Arc(1.16)

ချီချန်းရဲ့လည်ချောင်းကခြောက်သွေ့ သွားပြီးပျော်ရွှင်မှုနှင့်အတူသူ့နှလုံးသား ကခုန်ပေါက်သွားရသည်။သူကသူ့ကိုသူ တည်ငြိမ်စေရန်အတတ်နိုင်ဆုံးကြိုးစား လိုက်ပြီးပုံမှန်ပုံစံဖြစ်စေရန်ပြင်ဆင်လိုက် ကာသူ့ရှေ့မှာသွားထိုင်လိုက်၏။

"မင်းသောက်နိုင်တယ်ဆိုတာငါမသိခဲ့ဘူး"

ချီချန်းကစကားစပြောလိုက်ရင်း ရှီရှန်းကတစ်ယောက်တည်းသောက် နေတာဖြစ်သော်လည်းဘာဖြစ်လို့ ထားထားမှန်းမသိသည့်ဖန်ခွက်အလွတ် ထဲသို့ဝိုင်ကိုလောင်းထည့်လိုက်သည်။

သူ့ရဲ့လုပ်ဆောင်ချက်တွေပေါ်အကဲ ဖြတ်ရရင်သူကလင်ယွဲ့ထက်သေချာ ပေါက်ကြီးတယ်ဆိုတာယုံကြည်သည်လေ

အား....သူအရင်တုန်းကဒီလူကိုနို့ အတင်းသောက်ခိုင်းခဲ့တာတောင် ပြန်သတိရမိတယ်အဲ့ဒါကသူ့ကိုမကျေ မနပ်ဖြစ်စေမလားတော့မသိဘူး.... ကြည့်ရတာတော့သူ့အမူအယာအရ အရက်ကိုကောင်းကောင်းကိုင်တွယ်နိုင်ပုံပဲ

တစ်ခြားတစ်ဖက်မှာတော့ရှီရှန်းက သူ့ကိုမကြည့်ပဲပေ့ါပေါ့ပါးပါးပြော လိုက်သည်။

"တကယ်လို့စားပွဲပေါ်မှာနောက်ထပ် ဖန်ခွက်တစ်ခွက်ရှိနေမယ်ဆိုရင်တစ်စုံ တစ်ယောက်လာတော့မယ်လို့ခံစားရ မယ်တဲ့"

တကယ်တော့ဒီလူနဲ့ပတ်သတ်ပြီး ချီချန်းအနေနဲ့အနည်းငယ်ရှုပ်ထွေး သလိုခံစားရသည်။သူ့ရှေ့တွင်ရှိသော ဒီလူကအထီးကျန်နေသလိုခံစားရသော် လည်းတစ်ချိန်တည်းမှာပဲတစ်ခြားသူ တွေကိုလည်းအဝေးတွန်းထုတ်နေတာ ကြောင့်သူ့စိတ်ထဲအတိအကျဘာရှိနေ လဲဆိုတာသူမပြောနိုင်ပေ။

"အဲ့ဒီတော့...ခင်ဗျားဘာဖြစ်လို့ဒီရောက် လာတာလဲ?ကျွန်တော်ပြောတဲ့ပြီးမှပြော ကြမယ်ဆိုတာကဒီလိုအရမ်းနောက်ကျ နေတဲ့ညဘက်မဟုတ်ဘူးလေ"

ရှီရှန်းကသူ့မျက်နှာကိုလှည့်လိုက်ပြီး မျက်မှောင်ကျုံ့ကာသူ့ကိုကြည့်လိုက် လေသည်။

"မင်းရဲ့မျိုးရိုးနာမည်ကရှီလား?"

ချီချန်းကသေချာနေသည့်ကိစ္စတစ်ခု ကိုပြောသည့်အသံနှင့်တူသည့်မေးခွန်း တစ်ခုကိုပြန်မေးလိုက်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now