Arc(3.4)

3.4K 647 20
                                    

Unicode

Arc(3.4)

ဘယ်လောက်ပဲသူကပါရမီထူးနေပါစေသူကဒီအတိုင်းသာမာန်လူတစ်ယောက်သာဖြစ်တာကြောင့်သူ့ရဲ့ပြုမူဆက်ဆံပုံများက baron မှကလေးတစ်ယောက်လိုမျိုးဖြစ်နေတာကအကောင်းဆုံးဖြစ်သည်။ထို့ကြောင့်လည်းသူ့ရဲ့လက်ရှိပြုမူဆက်ဆံပုံကသူပုံမှန်မလုပ်ဘူးတာမျိုးဖြစ်နေခြင်းပင်။

ကိစ္စတွေကိုခွဲခြားပြရမယ်ဆိုရင်တော့မူလဇာတ်ကြောင်းထဲမှာအမျိုးသားဇာတ်လိုက်ကသူ့ရဲ့နောက်လိုက်တွေသိမ်းပိုက်ပေးထားသည့်အထပ်တစ်ထပ်လုံးမှာတစ်ယောက်တည်းနေခဲ့ခြင်းဖြစ်သည်။

အဲ့ဒိတော့ဒါကဘာကိုဆိုလိုတာလဲ?တစ်စုံတစ်ယောက်ကနောက်ကွယ်ကနေကြိုးကိုင်နေတယ်ဆိုတာပဲပေါ့

ဘယ်လိုပဲဖြစ်နေပါစေရှီရှန်းကတော့သူ့ရဲ့အခန်းကဏ္ဍကိုပီပြင်အောင်သရုပ်ဆောင်ပြီးသူ့ဆီသို့စိတ်လှုပ်ရှားစွာဖြင့်လျှောက်သွားလိုက်သည်။

"ငါတို့ရဲ့နေရာထိုင်ခင်းကိုအဆင့်အလိုက်စဉ်ထားမယ်လို့မထင်ခဲ့မိဘူး!"

အာတီမစ်ကမည်သည့်ပုံမှန်မဟုတ်မှုကိုမှမပြပဲသက်တောင့်သက်သာပင် 'အမ်း' ဟုအသံပေးလိုက်သည်။

ရှီရှန်းကသူ့ညာဘက်လက်ကိုဆန့်ထုတ်လိုက်ပြီးသူ့ကိုယ်သူစတင်မိတ်ဆက်သည်။

"မင်းမေ့သွားမှာစိုးလို့,ငါ့နာမည်ကဆက်စတီးဝပ်ပါ,အနာဂတ်မှာကောင်းကောင်းနေကြတာပေါ့"

အာတီမစ်ရဲ့မျက်လုံးများကဘာမှမတတ်နိုင်စွာပင်သူ့ရှေ့ကဖြူဖွေးနူးညံ့နေသည့်လက်ပေါ်သို့သာဝေ့ဝဲသွားမိသည်။

ပုံမှန်ဆိုရင်တော့ဒီလိုမိတ်ဆက်မှုမျိုးကိုလစ်လျူရှုလိုက်မယ်ဆိုပေမယ့်ဒီတစ်ခေါက်တော့သူ့ညာဘက်လက်ကိုထုတ်လိုက်ပြီးတစ်ဖက်လူရဲ့လက်အားလှမ်းဆုပ်ကိုင်လိုက်သည်။သူ့လက်ဖဝါးအောက်မှနူးညံ့ပြီးနွေးထွေးလှသည့်ခံစားချက်ကသူ့နှလုံးသားအားအနည်းငယ်တုန်ယင်သွားစေ၏။

"အာတီမစ်ဖောင်ဝ်,ကျေးဇူးပြုပြီးငါ့ကိုဂရုစိုက်ပေးပါဦး"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now