Arc(2.9)

4K 703 38
                                    

Unicode

Arc(2.9)

ထိုဖြစ်ရပ်ဖြစ်ပြီးနောက်ရှီရှန်းမှာသူ့မိဘတွေရဲ့အုပ်ထိန်းမှုအောက်ပြန်ရောက်သွားတော့သည်။အခုဆိုရင်သူတို့နှလုံးသားကစတီးနဲ့လုပ်ထားသလိုပဲသူ့တောင်းဆိုသမျှကိုနားမထောင်ပေးတော့ပေ။

ရွှီးဟွမ့်ရဲ့မတော်တဆဖြစ်ရပ်နောက်ကွယ်ကလူသည်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကြီးမြတ်သောဝူနိုင်ငံတော်သို့စီးပွားရေးလုပ်ရန်နိုင်ငံရပ်ခြားတိုင်းပြည်မှလာသည့်ကုန်သည်ကြီး၏သမီးကုယန်ဝူရဲ့ကိုယ်လုပ်တော်ဖြစ်သည်။

ရွှီးဟွမ့်တစ်ယောက်တည်းဆိုရင်ပေါ့ပေါ့ပါးပါးပြီးစီးသွားနိုင်ပေမယ့်ဟဲကျွော်ယန်နဲ့ကျုံကျစ်တို့လိုတော်ဝင်အင်အားပါ,ပါဝင်ပတ်သတ်လိုက်တဲ့အခါမှာတော့သူ့အပြစ်ဒဏ်ကသေလောက်သည်အထိဖြစ်သွားရသည်။

လက်ရှိ,ရှီရှန်းကသူ့အခန်းထဲမှာထိုင်နေပြီးစာရွက်ပေါ်မှာတစ်စုံတစ်ခုဆွဲနေတဲ့အချိန်မှာအားလင်ကရုတ်တရက်အခန်းထဲသို့အလျင်အမြန်ပြေးဝင်လာသည်။

"သခင်လေး!ရတနာစံအိမ်ရဲ့စာရင်းစာအုပ်ကိုကြည့်လိုက်ပါဦး!"

အားလင်ကစိတ်လှုပ်ရှားစွာဖြင့်ပြောရင်းစာရင်းစာအုပ်အားရှီရှန်းလက်ထဲသို့စိတ်အားထက်သန်စွာနဲ့ကမ်းပေးသည်။

ရှီရှန်းကလှမ်းယူလိုက်ပြီးအထဲကစာရင်းကိုအမူအယာတစ်ချက်မပြောင်းပဲတစ်ချက်သာကြည့်လိုက်တာကြောင့်အားလင်ကိုစိတ်ရှုပ်ထွေးသွားစေသည်။

"မပျော်ဘူးလား?"

သူကစာအုပ်ကိုမကြည့်တော့ပဲပြန်ဖြေသည်။

"အားလင်,မင်းသားကုရဲ့အိမ်တော်ကဆင်းရဲနေတာမှမဟုတ်တာအဲ့ဒါကြောင့်ဒီလောက်ပမာဏလေးနဲ့အရမ်းကြီးစိတ်လှုပ်ရှားမနေနဲ့ဒါမှမဟုတ်မင်းရဲ့လစာကအရမ်းနည်းနေတယ်လို့ထင်လို့လား?"

အားလင်ကချက်ချင်းသူ့ခေါင်းလေးကိုပလုပ်တုတ်လိုခါယမ်းပြသည်။

"မဟုတ်ဘူး,မဟုတ်ဘူး!သခင်လေးကကျွန်တော်ဗိုက်ဆာလို့သေလုနီးပါးဖြစ်နေတဲ့အချိန်မှာခေါ်လာပေးပြီးကျွန်တော့ကိုသခင်လေးရဲ့ကိုယ်ပိုင်အစေခံအဖြစ်ခန့်အပ်ပေးကတည်းကကျွန်တော့ဘဝရဲ့အကြီးမားဆုံးကံကောင်းမှုပါပဲအဲ့ဒါကြောင့်လစာမလိုအပ်ပါဘူး!"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now