Arc(4.18)

2K 358 32
                                    

Unicode

Arc(4.18)

သိပ်မကြာခင်မှာပဲ Christmas ပွဲတော် ရောက်ရှိလာကာ ရှီရှန်းသည် ကောင်းချန်က သူ့ကို တကယ်ကြီး အပြင်ခေါ်ထုတ်လိုက်တာကြောင့် အံ့အားသင့်သွားမိသည်။

ထိုအချိန်မှာ ရှီရှန်းက မျက်နှာအုပ်၊ ဦးထုပ်နှင့် သူ့လည်ပင်းတစ်ဝိုက်မှာ အနီရောင် လည်စီးအား ပတ်ထားတာကြောင့် သူ့မျက်နှာတစ်ခုလုံးအား ဖုံးကာထားလုနီးပါးပင်။

တစ်ဖက်မှာတော့ ကောင်းချန်က သူ့ရဲ့ ပုံမှန် သက်တောင့်သက်သာ အဝတ်အစားပေါ်မှာ အနက်ရောင် လေကာကုတ်ကို ထပ်ဝတ်ထားသည်။

"စောင့်နေရအောင် လုပ်မိလို့ တောင်းပန်ပါတယ်"

ရှီရှန်းက သူ့လက်များအား ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားရင်း အသံခပ်ဝါးဝါးဖြင့် ပြန်ဖြေသည်။

"ရပါတယ်, ကျွန်တော်တို့ ဘယ်သွားကြမှာလဲ?"

ကောင်းချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလာတာကြောင့် ရှီရှန်းသည် မျက်ခုံးမပင့်ပဲ မနေနိုင်တော့ပေ။

ရင်းနှီးနေသည့် မြင်ကွင်းများကို မြင်ရပြီးနောက်မှာတော့ ရှီရှန်းမှာ déjà vu လှိုင်းလုံးကြီးဖြင့် ရိုက်ခတ်ခံလိုက်ရတော့သည်။

(déjà vu -အခုမှ တွေ့ကြုံရတာ ဆိုပေမယ့် ဖြစ်ဖူး၊ မြင်ဖူးသလိုမျိုး ခံစားရမှု)

...သူ ဘယ်လောက်တောင် အပန်းဖြေ ပန်းခြံကို ကြိုက်တာလဲ?

တစ်ဖက်မှာတော့ ကောင်းချန်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလာသည်။

"စိတ်မပူနဲ့, ကိုယ် တစ်ခုလုံး ငှားထားတာမို့လို့ စိတ်ချလက်ချ ရင်ထဲ ရှိတဲ့အတိုင်း ဆော့လို့ရတယ်"

ထိုစကားကိုကြားတော့ ရှီရှန်းမှာ ထိုလူက ဒီလိုတန်ဖိုးမရှိတဲ့အရာအတွက် ပိုက်ဆံဖြုန်းတီးခဲ့တာအား ရှုတ်ချမိသည်။

ကောင်းချန်ကတော့ တစ်ဖက်လူ ဘာစဉ်းစားနေမှန်း မသိပေ။ ထိုသူ့အား ဒီကိုခေါ်လာရတဲ့ အကြောင်းအရင်းက ရိုးရှင်းလှသည်။

ယဲ့ရှယ်က အခြေအနေ အရပ်ရပ်ကြောင့် ရင့်ကျက်ရန် တွန်းအားပေးခံလိုက်ရပြီး ဒီလို အရာမျိုးအား သူ့ရဲ့ ကျောင်းသားဘဝမှာ မခံစားခဲ့ရပေ။ ထို့ကြောင့် ကောင်းချန်က သူ့အား အနာဂတ်မှာ ပိုပြီး အလုပ်မများလာခင်တွင် ထိုအတွေ့အကြုံကို ခံစားစေချင်တာဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now